Tuesday, 5 April 2016

mJams ကို အူရီဒူးကွန်ရက်နှင့် အတူ မြန်မာနိုင်ငံ တွင်မိတ်ဆက်



အာရှတွင် အလျင်မြန်ဆုံးတိုးတက်ဖွံ့ဖြိုးလာနေသော

တေးဂီတအက်ပလီကေးရှင်းတစ်ခုဖြစ်သည့်

mJams ကို ဧပြီလ (၄) ရက်၊ ၂၀၁၆ တွင် 

အူရီဒူးကွန်ရက်တစ်ခုတည်းနှင့်အတူ မြန်မာနိုင်ငံတွင် 

စတင်မိတ်ဆက်လိုက်သည်။

     mJams သည်ကမ္ဘောဒီးယားနိုင်ငံတွင် အောင်မြင်စွာ 

စတင်မိတ်ဆက်ပြီးနောက် ယခုအခါ မြန်မာနိုင်ငံ

တွင်လည်း အူရီဒူးကွန်ရက်နှင့်အတူ 

မိတ်ဆက်လိုက်ပြီဖြစ်သည်။ တေးသီချင်းများ 

တိုက်ရိုက်ဖမ်းယူနားဆင်နိုင်သော အက်ပလီကေးရှင်း

တစ်ခုဖြစ်သည့် mJams ကို တရှိန်ထိုး 

တိုးတက်ဖွံ့ဖြိုးလာနေသော ဈေးကွက်များအတွက် 

အကောင်းဆုံးပံ့ပိုးပေးသွားမည်ဖြစ်ပြီး၊ 

စမတ်ဖုန်းသုံးစွဲသူများ နောက်ဆုံးထွက် တေးဂီတ

များကို နားဆင်ခံစားရာတွင် လွယ်ကူပြီး 

အရည်အသွေးမြင့်သော နည်းလမ်းတစ်ခု

ဖြစ်လာမည်ဟု မျှော်မှန်းထားသည်။ Sony ၊ 

Warner Music တို့နှင့်အတူ Universal Music 

Group တွင်သာ ရရှိနိုင်သည့်လူကြိုက်အများဆုံး

ပြည်တွင်းပြည်ပ တေးသံရှင်များ၊ တေးအယ်ဘမ်

များနှင့် တေးသီချင်းများကို mJams က 

အထူးမူပိုင်ဖြင့် ဖြန့်ဖြူး ပေးမည်ဟုလည်းသိရသည်။ 

       mJams ကို အူရီဒူးကွန်ရက် သုံးစွဲသူများသာ

ရယူသုံးစွဲနိုင်မည်ဖြစ်ပြီး Ooredoo Zone နှင့်

Google Play Store တို့တွင် subscription-

based service အဖြစ် ရရှိနိုင်မည် ဖြစ်သည်။

mJams ဒေါင်းလုတ်ရယူပြီးသည်နှင့် တစ်ပြိုင်နက် 

ကမ္ဘာတွင်ရေပန်းအစားဆုံး တေးသီချင်းများကို 

ဝင်ရောက်နားဆင်မည်ဖြစ်ပါသည်။ ကျစ်လျစ်

ပေါ့ပါးသော ဒီဇိုင်းဖြင့်ဖွဲ့စည်းထားသော mJams

ကို အူရီဒူး၏ 3G ကွန်ရက်သုံးစွဲသော စမတ်ဖုန်းများဖြင့်

အပတ်စဉ် ၆၀၀ ကျပ်မျှ သုံးစွဲရုံဖြင့် နှစ်သက်ရာ

တေးသီချင်းများကို တိုက်ရိုက်နားဆင်နိုင်

မည်ဖြစ်သည်။ ပြည်တွင်းမှ နာမည်ကျော်

တေးသံရှင်များ ဖြစ်သည့် လွှမ်းပိုင်၊ ပိုပို၊ ရွှေထူး၊

ဇော်ပိုင်၊ ၀ိုင်းစုခိုင်သိန်းအပါအ၀င် နိုင်ငံတကာမှ

Justin Bieber ၊ Katy Perry ၊ Rhianna ၊ Maroon 5

စသည့် Universal Music Group မှ ကမ္ဘာကျော်

တေးသံရှင် များကို mJams တွင် အထူးမူပိုင်

အဖြစ် စုစည်းထားပြီး၊ အခြားအနုပညာ

ရှင်ပေါင်းများစွာကို စုစည်းတင်ဆက်ထားသည်။

မြန်မာဂီတလောက၊ တေးသီချင်းထုတ်လုပ်

သူများနှင့် မြန်မာနိုင်ငံဂီတ အစည်းအရုံးတို့နှင့် 

အနီးကပ်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့်

မြန်မာအဆိုတော်အသစ်များ၊ ၎င်းတို့၏

တေးအယ်ဘမ်နှင့် တေးသီချင်းများကို 

mJams အက်ပလီကေးရှင်းမှတဆင့် လစဉ်

ဖြန့်ဖြူးပေးနိုင်ပြီး၊ မြန်မာနိုင်ငံတွင် ပရိသတ်များ 

စိတ်ဝင်စားနေသည့် ရေပန်းအစားဆုံးတေး

သီချင်းများကို အဓိက လက်ခံဖြန့်ဖြူးပေးသော

ရင်းမြစ်တစ်ခုဖြစ်လာနိုင်ရန် ရည်မှန်းထားပါသည်။ 

       အူရီဒူး၏ Chief Marketing Officer ဖြစ်သူ 

Charity Safford ကလည်း "mJams ဟာ

မြန်မာနိုင်ငံကနေရနိုင်တဲ့ ပြည်တွင်း

ပြည်ပတေးသီချင်းတွေရဲ့ အကျယ်ပြန့်ဆုံး

ရင်းမြစ်တစ်ခု ဖြစ်လာမှာ ဖြစ်လို့ အူရီဒူးသုံးစွဲ

သူတွေကို စမတ်ဖုန်းကတိုက်ရိုက် အကောင်းဆုံး

ဖျော်ဖြေမှုပေးနိုင်မယ့် ချယ်နယ်တစ်ခု

ဖြစ်လာပါလိမ့်မယ်။ ထူးခြားဆန်းသစ်မှုကို

အလေးအနက်ထားတဲ့ အူရီဒူးအနေနဲ့ မြန်မာ

ပြည်သူတွေကို အသစ်လွင်ဆုံးအရာတွေကိုပဲ

ပေးစွမ်းဖို့ ရည်ရွယ်ထားပြီး၊ mJams ကတော့ 

အဲဒီကတိစကားရဲ့ အစိတ်အပိုင်းတစ်ရပ်ပဲ

ဖြစ်ပါတယ်"ဟု ပြောသည်။ အူရီဒူး ကွန်ရက်ဖြင့်

စတင်မိတ်ဆက်လိုက်သော mJams အကြောင်း 

အသေးစိပ်သိရှိလိုပါက Indi Davis (Country

Manager) သို့ id@mobimedia.com.au တွင် 

ဆက်သွယ်မေးမြန်းနိုင်ပါသည်။


                     credit-   ကောင်းမြတ်ရာ



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment