မြန်မာအီလက်ထရောနစ်ဆိုင်ရာ ကုန်သွယ်မှု
နယ်ပယ်အနေဖြင့် ၂၀၁၆ ခုနှစ် အတွင်းတွင်
အီလက်ထရောနစ်ဆိုင်ရာကုန်သွယ်မှု အသစ်တစ်ခု
အား စတင်မိတ်ဆက်ခြင်းနှင့်အတူ အရှိန်အဟုန်
မြှင့်တင်မှုအား လက်ခံရရှိခဲ့ပြီဖြစ်ပါသည်။
အဆိုပါနေရာသစ်သည် မြန်မာနိုင်ငံရှိ Samsung ၏
တရား ဝင် ဖြန့်ချိသူများမှ စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပါသည်။
Samsung ၏ တရားဝင်စမတ်ဖုန်းများ၊ တက်ဘလက်များ
နှင့် မိုဘိုင်းဖုန်းဆိုင်ရာ ဆက်စပ်ပစ္စည်း များအား
ရောင်းချရန်Samsung ၏ တရားဝင်ဖြန့်ချိသူများမှ
အွန်လိုင်းပလက်ဖောင်းအား စတင် မိတ်ဆက်
လိုက်သည်။ အဆိုပါအွန်လိုင်းစတိုးမှ
အိမ်တိုင်ရာရောက်ဝန်ဆောင်မှုအား ဆောင်ရွက်ပေး
မည်ဖြစ်ပြီး ပစ္စည်းများအားလုံးတစ်နှစ်အာမခံ
သက်တမ်းများပါဝင်မည်ဖြစ်သည်။ နောက်ဆုံးပေါ် ထုတ်ကုန်
များဖြစ်သည့် Samsung Galaxy S7၊ S7 Edge နှင့်
Samsung Galaxy on7 ကဲ့သို့သော
အွန်လိုင်းသီးသန့်မော်ဒယ်သစ်များကိုလည်း အီလက်ထရောနစ်ဆိုင်ကွန်သွယ်မှုအွန်လိုင်းစတိုးတွင် မကြာမီရရှိနိုင်တော့မည်ဖြစ်သည်။ အဆိုပါဝက်ဘ်ဆိုဒ်
အား မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ကြည့်ရှု
အသုံးပြုနိုင်မည်ဖြစ်ပြီး စတင်မိတ်ဆက်သည့်
ပထမဆုံးအဆင့်တွင် အိမ်တိုင်ရာရောက်ပို့ဆောင်မှု
သည် ရန်ကုန် နှင့် မန္တလေးတွင်သာရရှိနိုင်မည်ဖြစ်ပြီး
အခြားနေရာဒေသများသို့ ပို့ဆောင်မှုကိုမူ နောက်ပိုင်း
အဆင့်များတွင် တိုးချဲ့လုပ်ဆောင်သွားမည်ဟုသိရသည်။
Samsung ၏ Head of IM and Channel
ကိုဇာနည်ဝင်းထက် မှ “ အခုလို အီလက်ထရောနစ်
ဆိုင်ရာကုန်သွယ်ရေးဝက်ဘ်ဆိုဒ်ကို စတင်မိတ်ဆက်ပေးနိုင်တဲ့အတွက် ဖြန့်ချိသူတွေကို
ဂုဏ်ယူ ဝမ်းသာကြောင်း ပြောကြားလိုပါတယ်။
မြန်မာနိုင်ငံက သုံးစွဲသူတွေကိုလည်း Samsung
ရဲ့တရားဝင် ထုတ်ကုန်ပစ္စည်းတွေကို
ဝယ်ယူသုံးစွဲဖို့နောက်ထပ်ရွေးချယ်မှုတစ်ခု
ပေးလိုက်သလိုပါပဲ။ ဖြန့်ချိသူတွေ အစပြုလိုက်တဲ့
ကနဦးခြေလှမ်းနဲ့အတူ သုံးစွဲသူတွေကို
လွယ်ကူ၊ လျင်မြန်ပြီး အဆင်ပြေစေတဲ့
ဈေးဝယ်မှုအတွေ့အကြုံတွေကို ပံ့ပိုးပေးနိုင်တော့
မှာဖြစ်ပါတယ်” ဟုပြောသည်။ ဘဏ်လုပ်ငန်း
အသစ်များ၊ တိုးချဲ့လာသော ငွေရေးကြေးရေးကဏ္ဍ နှင့်
များပြားလှသော အခြေခံ အဆောက်အဦး
များ နှင့်အတူ မြန်မာနိုင်ငံမှအင်တာနက်
သုံးစွဲသူများမှာလည်း အချိန်နှင့်အမျှ တိုးမြင့်
လာလျက်ရှိသည်။ မြန်မာနိုင်ငံမှ သုံးစွဲသူများအနေနှင့်
လွယ်ကူအဆင်ပြေသည့် အွန်လိုင်းမှ
ဈေးဝယ် ခြင်း၏ အနှစ်သာရအား တွေ့ကြုံခံစားခွင့်
ရရှိတော့မည်ဖြစ်သည်။ အသေးစိပ်သိရှိလိုပါက
http://s-estoremyanmar.com/ သို့မဟုတ်
contact@s-estoremyanmar.com
သို့ဆက်သွယ်မေးမြန်း ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
Kaung Myat Yar (ISN)
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment