Monday, 16 May 2016

နာကျင်မှု

မိန်းမ၀၀ကြီးလို့ သင်ခေါ်တဲ့ ကောင်မလေးက 

နေ့တိုင်း ပိန်ဆေးတွေသောက်နေရပြီး မျက်ရည်တွေနဲ့လေ့ကျင့်ခန်းဆင်းနေတာသင်မသိဘူး


ရုပ်ဆိုးလိုက်တာလို့ သင်ရယ်မောခဲ့တဲ့ ကောင်မလေးက 

သူ့ကို လူတွေနှစ်သက်ပါစေဆိုတဲ့ မျှော်လင့်ချက်နဲ့နာရီပေါင်းများစွာ သူ့မျက်နှာပေါ် မိတ်ကပ်တွေခြယ်သနေရတာသင်မသိဘူး


လေလွင့်နေတယ်လို့ သင်သတ်မှတ်ထားတဲ့ကောင်လေးက

အိမ်အတွက် မဖြစ်မနေ စီးပွား လိုက်ရှာနေရတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာသင်မသိဘူး


မျက်နှာမှာ အမှာရွတ်တွေနဲ့လို့ သင်မျက်နှာရှံ့ခဲ့တဲ့လူတစ်ယောက်

တိုင်းပြည်အတွက် အသက်စွန့်တိုက်ခိုက်နေရတဲ့လူတစ်ယောက်မှန်းသင်မသိဘူး


အသက်ဆယ့်လေးနှစ်အရွယ်ကောင်မလေးတစ်ယောက် ကလေးအမေဖြစ်နေတာကို “ တော်တော်တဏှာကြီးတာပဲလို့ ” သင်ပြောခဲ့ပေမယ့်

သူ ဆယ့်သုံးနှစ်အရွယ်တုန်းက အဓမ္မကျင့်ခံခဲ့ရတာသင်မသိဘူး


သင်နဲ့ရွယ်တူကောင်လေးတစ်ယောက်ငိုနေတာကို သင်ရယ်မောပေမယ့်

သူ့မိခင် လတ်တလောဆုံးပါးသွားတာကိုသင်မသိဘူး


======================



လူတိုင်းလူတိုင်းမှာ နာကျင်မှုအတိမ်အနက်ဆိုတာ ရှိကြတယ် 

လူတိုင်းလူတိုင်းမှာ ၀မ်းနည်းစရာ ငိုကြွေးစရာအကြောင်းတွေရှိကြတယ်


ဒါကြောင့် သင်ပေါ့ပေါ့ပါးပါးရယ်မောလိုက်ဖို့ တစ်ခုအတွက်နဲ့

လူတစ်ဖက်သားရဲ့ နာကျင်စရာအားနည်းချက်ကို ဘယ်တော့မှ မချနင်းမိစေနဲ့ ။


Credit : Naymyolin



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment