အမြင့်ဆုံးထီဆုကြီး မဟုတ်တောင်မှ အတော်အတန်များပြားတဲ့ ငွေကြေးပမာတစ်ရပ်အတွက် သင်ထီပေါက်သွားတယ်လို့ တွေးကြည့်လိုက်ပါ။ အရင်ဆုံး ဘာလုပ်မိမယ် ထင်ပါသလဲ။
သင်ထီပေါက်ခဲ့ရင် အရင်ဆုံး လုပ်မယ့်အရာ (၇) ခုရှိပါတယ်။
၁။ ဖုန်းခေါ်မယ်
ထီပေါက်စဉ်မှာ ပါတဲ့ဖုန်းနံပတ်ကို မယုံလို့ အောင်ဘောလေထီရုံးကို သင်ဖုန်းဆက်ဖို့ ကြိုးစားမှာပါ။ ဒါမှမဟုတ် ပင်ရင်းထီဆိုင်တွေကို သင်ဖုန်းဆက်မှာပါ။
၂။ ဖုန်းဖြေရမယ်
သင်ထိုးခဲ့တဲ့ ထီဆိုင်က သင့်ကို သေချာပေါက် ဖုန်းဆက်မှာပါ။ ဒီဖုန်းကလည်း သင်မကိုင်မချင်း ခေါ်နေမယ့် ဖုန်းဖြစ်လို့ ပြန်ဖြေရမှာပါ။
၃။ ပြောရင်ကောင်းမလားစဉ်းစားရမယ်
သင့်သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကို ထီပေါက်တဲ့အကြောင်း ပြောရင်းကောင်းမလား၊ မပြောရင်ကောင်းမလား သင်စဉ်းစားရပါမယ်။ ဘယ်သူ့ကိုတော့ နောက်မှပြောမယ် ဆိုတာမျိုး စဉ်းစားပြီး ဘယ်သူ့ကို အရင်ပြောသင့်လဲ စဉ်းစားရမှာပါ။
၎။ ဘာမှမဖြစ်တဲ့ မျက်နှာလေ့ကျင့်ရမယ်
သင်ထီပေါက်တာကို မသိစေချင်တဲ့သူတွေလည်း သင့်မှာ ရှိနေမှာ ဖြစ်တဲ့အတွက် အားလုံးမသိအောင် သင်လုပ်ရပါတော့မယ်။ ဘာမှမဖြစ်သလို ခပ်တည်တည် မျက်နှာထားမျိုး ထားတတ်အောင် သင်မှန်ရှေ့မှာ ချက်ခြင်းသွားပြီး လေ့ကျင့်ရမှာပါ။
၅။ အိမ်သို့မဟုတ် ကားစုံစမ်းမယ်
သင်လိုချင်နေတဲ့ အိမ်၊ သို့မဟုတ် ကားဈေး ဘယ်လောက်လဲဆိုတာ သင်ဖုန်းဆက်ပြီး စုံစမ်းတော့မှာပါ။
၆။ အလုပ်အကြောင်း စဉ်းစားမယ်
သင့်လက်ရှိအလုပ်ကို ဆက်လုပ်ရင်ကောင်းမလား၊ ထွက်လိုက်ရင်ကောင်းမလား သင်စဉ်းစားတော့မှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေး လုပ်ရမလားဆိုပြီး သင်တွေးနေပါလိမ့်မယ်။
၇။ ခရီးထွက်ဖို့ စဉ်းစားမယ်
ခရီးထွက်ဖို့လည်း သင်စဉ်းစားတော့မှာပါ။ ဒီလိုအချိန်မှာ တော်ရုံအလုပ်ကိစ္စကိုလည်း သင်ဂရုစိုက်မှာ မဟုတ်တော့ပါဘူး။ အလုပ်ကခွင့်ယူပြီး ခရီးထွက်ဖို့ သင်ရက်ရွေးနေမှာ ဖြစ်ပါတယ်။
Credt : Duwun
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment