Monday, 16 May 2016

ဘဝမှာအစားထိုးပြန်မရနိုင်တဲ့အရာတွေအတွက်

ကျွန်မတို့တွေရဲ့ ဘဝတွေမှာ ဘယ်အရာတွေက အရေးကြီးဆုံးလို့ထင် ပါသလဲ။ အလုပ်အကိုင်လား၊ ချမ်းသာကြွယ်ဝမှုလား၊ မိသားစုလား၊ အပေါင်း အသင်းတွေလား၊ ဘယ်အရာတွေက အရေးပါဆုံး ဖြစ်သလဲဆိုတာကို ကမ္ဘာကျော် ကိုကာကိုလာအချိုရည်ထုတ်ကုန် စီအီးအို ဘာယန်ဒေစန်ပေးတဲ့ မှတ်သားစရာဥပမာလေးက သိပ်ကို လက်တွေ့ကျလွန်းပါတယ်။


အလုပ်၊ မိသားစု၊ ကျန်းမာရေး၊ သူငယ်ချင်းနဲ့ စိတ်ဓာတ်ဆိုတဲ့ ဘောလုံး ငါးလုံးကို သင်က တစ်ပြိုင်နက်တည်း ဟန်ချက်ညီညီထိန်းထားပြီး ကစားပြရမှာပါ။ ဒီလို ကစားပြရင်းနဲ့ အလုပ်ဆိုတာ ရာဘ ဘောလုံး တစ်လုံးမှန်းသင်သိလာပါလိမ့်မယ်။ ရာဘာဘောလုံးဆို တော့ မတော်တဆအောက်ပြုတ်ကျသွားရင်တောင် သင့်ထံပြန်ကန်ပါလိမ့်မယ်။


ဒါပေမယ့် အခြားဘောလုံးလေးလုံးဖြစ်တဲ့ မိသားစု၊ ကျန်းမာရေး၊ သူငယ်ချင်း၊ စိတ်ဓာတ်တို့က ဒီလိုရာဘာဘောလုံးမဟုတ်ပါဘူး။ သူတို့က ဖန်ထည်ကြွေ ထည်တွေနဲ့ လုပ်ထားတဲ့ တန်ဖိုးကြီးဘော လုံးတွေပါပဲ။ သင့်လက်ထဲက လွတ်ကျသွားရင်ကွဲသွားမယ်။ အက်သွားမယ်။ ခြစ်ရာ၊ အဆင်းရာတွေ ထင်သွားမယ်။ နောက်ဆုံး ပျက်စီးဆုံးရှုံးသွားရမယ်ပေါ့။ အခုနက ရာဘာဘောလုံးလိုတော့ အပေါ်ပြန်တက်လာပြီး အစားထိုးပြန်မရနိုင်ပါဘူး။


ဒီလိုပါပဲ။ ကျွန်မတို့ ဘဝတွေမှာ အလုပ်အကိုင်တွေဆိုတာ အရေး ကြီးတာမှန်ပါတယ်။ ဒါပေမယ့် အလုပ်ထက်အရေးကြီးတဲ့ မိသားစု တွေ၊ ကျန်းမာရေး၊ သူငယ်ချင်းတွေ၊ ကျွန်မတို့ရဲ့ စိတ်ဓာတ်တွေက ပိုပြီး အရေးကြီးပါတယ်။ ငွေနဲ့ပေးပြီး ဝယ်တာတောင် သူတို့တွေက ဝယ်ယူလို့ မရနိုင်လောက်အောင် တန်ဖိုးကြီးလွန်းတဲ့အတွက် အချိန် ပေးတန်ဖိုးထား ဂရုစိုက်နိုင်ကြပါစေ။


Credit: ဖိုးသူတော်



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment