# ရုပ်သေးမဟုတ်တဲ့ ငါ#
အမေ သွေးတစ်စက်
အဖေချွေးစက်တွေနဲ့
ရှင်သန်ခွင့် ရခဲ့တဲ့ ငါ
သစ္စာမရှိတဲ့ ချစ်သူအတွက်
ကြေကွဲဝမ်းနည်းနေမယ်
မထင်နဲ့လေ မိန်းကလေးရယ်...
မာယာတစ်သိန်းနဲ့
ရှောင်တိမ်းသွားတဲ့ နင့်ကို
sorryပါလို့ ပြောမယ်
အချစ်အတွက်နဲ့ လူဖြစ်လာဖို့
မဟုတ်သလို နင်အတွက်လဲ
ကြိုးစွဲရာ ကမည့်
ရုပ်သေးရုပ်လဲ မဟုတ်ဘူးနော်
မချစ်ရင်ထားခဲ့ ဝမ်းမနည်းဘူး
စောပြီးပြောရင် sorry ပါပဲ...
တစ်ကောင်ဘွား(ဓာတ်တော်)
* မိုးရေထဲက သူသို့*
မိုးတွေ ရွာသွန်းနေတဲ့ နေ့မှာ
မဖိတ်ခေါ်ပဲ ရောက်လာခဲ့သလို
ငါ မနှင်ပါပဲ ပြန်ခဲ့သူရယ်
ကျန်ခဲ့သူရင်က ဝေဒနာ
ချန်ခဲ့သူ မသိပေမဲ့
မေ့မရသူ အလွမ်းနဲ့
တမ်းတလို့ ကဗျာရေးမယ်
မိုးရေထဲက ချစ်သူရယ်
ဝသန်ရာသီ ရောက်လေတိုင်း
ကျန်ခဲ့သူရင်ထဲ
မျက်ရည်မိုးတွေ ရွာသွန်းနေဆဲ
လွမ်းနေဆဲပါ ချစ်သူရယ်.,
တစ်ကောင်ဘွား(ဓာတ်တော်)
Labels
- ကဗျာ (71)
- ကျန်းမာရေးဗဟုသုတ (158)
- ချစ်မှုရေးရာ (45)
- စာအုပ်စင် (14)
- နည်းပညာ (223)
- ပညာပေး သင်ခန်းစာ (3)
- ပညာရေး (6)
- ဗဟုသုတ (242)
- ဘာသာရေး (2)
- ဝတ္ထုတို (36)
- ဟာသ (117)
- အလှအပရေးရာ (1)
- ဆောင်းပါးများ (111)
- ပြည်ခိုင်ဖြိုး သတင်း (4)
Wednesday, 4 May 2016
ရုပ်သေးမဟုတ်တဲ့ငါ
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment