* မြေဇာမှာလဲ ချစ်သဲနဲ့ပါ*
မိန်းကလေးရယ်
နေကြာလိုလဲ မလှပ
ရွှေကြာလိုလဲ မတင့်တယ်
ဗေဒါလိုလဲ မဝင့်ထယ်
ပန်းစာရင်းတင်လဲ
နန်းရင်ပြင်မှာ နာမည်မပါ
မြေဇာဘဝမို့ ကိုယ်ဟာ
မြေကမ္ဗလာမှာ ကျောခင်း
လူတကာ ခြေနဲ့နင်းတဲ့
မြေဇာဆိုပေမဲ့ သစ္စာနဲ့ဖွဲ့စည်း
အချစ်ကြီးမားတဲ့ နှလုံးသား
ကိုယ့်ရင်မှာ ရှိပါတယ်
မြင်အောင်ကြည့်ပါ မိန်းကလေးရယ်....
တစ်ကောင်ဘွား(ဓာတ်တော်)
09442095465
* ရိုးရှင်းသော ငါ့အချစ်*
မုသားမပါ
လင်္ကာမချောဆိုပေမဲ့
မင်းကိုချစ်လို့
ဖွင့်ပြောမိတာ မလိမ်ခဲ့ဘူး...
ပြန်ချစ်ပါလို့လဲ
မတောင်းဆိုရဲ ဒါပေမဲ့
မင်းကြောင့် မလွမ်းခြင်...
နှောင်းသည့်တိတ်မှာ မင်းရဲ့ချစ်သူ
ရှိနေခဲ့မှန်း သိနေလဲ
ချစ်တက်လွန်းတဲ့ နှလုံးသား
ကြေကွဲရမှာ စိုးရိမ်သူမို့
မမြင်ကွယ်ရာ အဝေးမှာ
လွမ်းဆွေးလို့ နေပါရစေ
သိပ်ချစ်ရတဲ့ မိန်းကလေးရယ်....
တစ်ကောင်ဘွား(ဓာတ်တော်)
ဖုန်းဆက်၍ အားပေးစကားပြောပေးပါသော သူငယ်ချင်းမိုမိုကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် စာချစ်သူအပေါင်းတို့အား ကိုယ်စိတ်နှလုံးရွှင်ပြုံးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ
ရှေ့ဆက်ကြိုးစားပါဦးမည်
့
Labels
- ကဗျာ (71)
- ကျန်းမာရေးဗဟုသုတ (158)
- ချစ်မှုရေးရာ (45)
- စာအုပ်စင် (14)
- နည်းပညာ (223)
- ပညာပေး သင်ခန်းစာ (3)
- ပညာရေး (6)
- ဗဟုသုတ (242)
- ဘာသာရေး (2)
- ဝတ္ထုတို (36)
- ဟာသ (117)
- အလှအပရေးရာ (1)
- ဆောင်းပါးများ (111)
- ပြည်ခိုင်ဖြိုး သတင်း (4)
Thursday, 5 May 2016
တစ်ကောင်ဘွား ကဗျာများ
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment