Thursday, 5 May 2016

My Oordoo App ဗားရှင်းအသစ်အားစတင်ရယူနိုင်



My Ooredoo Application ဗားရှင်းအသစ်ကို ရယူနိုင်ပြီဖြစ်ကြောင်း Ooredoo Myanmar မှ သတင်းထုတ်ပြန်သည်။

အဆိုပါ Version 2.0 ကိုအသုံးပြု၍ မိမိ၏ ကိုယ်ပိုင်အကောင့်ကို လိုအပ်သလို စီမံခြင်း၊ ငွေဖြည့်သွင်းခြင်း၊ ငွေလွှဲခြင်း၊ တယ်လီဖုန်းပြောဆိုမှု၊ အင်တာနက်အသုံးပြုမှု အစရှိသည်တို့ ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု သိရသည်။ ယင်းအပြင် မိမိကြိုက်နှစ်သက်ရာ ဆင်းမ်ကတ်နံပါတ်အလှကို ရှာဖွေ၍ ကြိုတင်မှာယူနိုင်မည်ဖြစ်ပြီး နီးစပ်ရာ Ooredoo အရောင်းဆိုင်၌ သွားရောက်ဝယ်ယူနိုင်မည့် အစီအစဉ်ကိုလည်း ထည့်သွင်းထားသည်ဟု သိရသည်။ Ooredoo Myanmar ၏ အပိုဆောင်း ဝန်ဆောင်မှုများကို အလွယ်တကူ ရယူနိုင်ရန် ဆောင်ရွက်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

“ကိုယ့်အကောင့်နဲ့ ပတ်သက်လို့ စိတ်တိုင်းကျ စီမံနိုင်မယ်။ My Ooredoo ကို အခမဲ့ရယူအသုံးပြုပြီးတော့ သုံးပျော်တဲ့ Ooredoo ရဲ့အစီအစဉ်တွေနဲ့ ပရိုမိုးရှင်းအသစ်တွေကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်မယ်” ဟု Ooredoo Myanmar ၏ Chief Marketing Officer Charity Safford က ပြောသည်။

ယင်း Application ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ Ooredoo Zone, Apple App store နှင့် Google play store တို့တွင် my Ooredoo အမည်ဖြင့် ရှာဖွေရယူနိုင်မည်ဖြစ်ကြောင်း၊ မူလ ဗားရှင်း ရှိနှင့်ပြီးသားသူများအနေဖြင့် အခမဲ့ upgrade ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ဆိုထားသည်။

Ooredoo မှာ မြန်မာနိုင်ငံအတွင်း လုပ်ကိုင်ခွင့်ရရှိထားသည့် အော်ပရေတာသုံးခုထဲမှ တစ်ခုဖြစ်ကာ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို ဝန်ဆောင်ပေးလျက် ရှိသည်။

Tags: 

My Ooredoo AppOoredoo Myanmar



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment