Tuesday, 10 May 2016

မိုဘိုင်းဖုန်းဆိုင်ရာ အကြောင်းအရာများ လေ့လာနိုင်မည့် ပြည်တွင်း ဝက်ဘ်ဆိုက်အသစ်



ပြည်တွင်းရှိ မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် မိုဘိုင်းဖုန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ ဖုန်းဆော့ဖ်ဝဲများ၊ ဈေးနှုန်းများ၊ မိုဘိုင်းဖုန်း သုံးသပ်ချက်များနှင့် ပြည်တွင်းပြည်ပ သတင်းထူးများကို အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးသွားမည့်inmya.com ဝက်ဘ်ဆိုက် ထွက်ရှိလာကြောင်း သိရသည်။

“ပြည်တွင်းရဲ့ မိုဘိုင်းဖုန်း သုံးစွဲနှုန်းဟာ နေ့စဉ်တိုးတက်လာနေတဲ့အတွက် မိုဘိုင်းဖုန်းဆိုင်ရာ သတင်းအချက်အလက်တွေကို အသုံးပြုသူတွေ လေ့လာနိုင်စေဖို့ ကျွန်တော်တို့ ဒီ inmya.comwebsite ကိုပြုလုပ်ခဲ့တာပါ။ ဖုန်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို စုံစုံလင်လင် ပံ့ပိုးပေးသွားဖို့ရှိပါတယ်" ဟု အဆိုပါ Website ကို ဖြန့်ချိသည့် BOD Technology မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

လေ့လာလိုသူများအနေဖြင့် inmya.com တွင် ဝင်ရောက်လေ့လာ နိုင်မည်ဖြစ်ပြီး ကွန်ပျူတာ၊ မိုဘိုင်းဖုန်း နှစ်မျိုးစလုံးဖြင့် ကြည့်ရှုနိုင်မည်ဖြစ်သည်။ မိုဘိုင်းဖုန်း App ဖြင့် အသုံးပြုလိုသူများအတွက်လည်း inmya Mobile Application ကိုပြုလုပ်ပေးရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Tags: 

Mobile New



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment