Tuesday, 10 May 2016

MPT က နာရီတိုင်းအတွက် ၅ မိနစ်စာ ပရိုမိုးရှင်းကို Package အဖြစ်ပြောင်းလဲ



မတ်လနှင့် မေလအတွင်း ပရိုမိုးရှင်းအဖြစ်ပေးအပ်ခဲ့သော နာရီတိုင်းအတွက် ၅ မိနစ်စာ ဝန်ဆောင်မှုကို MPT က ပုံမှန်ရောင်းချပေးမည့် Package အဖြစ် ပြောင်းလဲသွားမည်ဟု သတင်းထုတ်ပြန်လိုက်သည်။

နာရီတိုင်းအတွက် ၅ မိနစ်စာ အစီအစဉ်သည် ယခင်က မည်သည့်ဖုန်းလိုင်းနှင့်မဆို ဆက်သွယ်သည့်အခါတိုင်း အကျုံးဝင်ခဲ့သော်လည်း Package အဖြစ် ပြောင်းလဲလိုက်သည့်နောက်ပိုင်း MPT ဖုန်းလိုင်း အချင်းချင်းအတွက်သာ အကျုံးဝင်တော့မည် ဖြစ်သည်။ ထို့အပြင် ယခင်က ညနေ ၆ နာရီမှ ည ၁၀ နာရီအတွင်း ခေါ်ဆိုမှုများကို ပုံမှန်ဈေးနှုန်းနှင့် ကောက်ခံခဲ့သော်လည်း ယခုအခါ ၂၄ နာရီလုံး ခေါ်ဆိုမှုအတွက် အကျုံးဝင်သည်ဟု MPT ၏ ကြေညာချက်အရ သိရသည်။

Package အဖြစ် ပြောင်းလဲရောင်းချခြင်း အစီအစဉ်ကို မေလ ၉ ရက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ဆွေသဟာအသုံးပြုတိုင်း *555# ခေါ်ဆို၍ Package ကို ဝယ်ယူနိုင်ကာ တစ်ကြိမ်ရယူလျှင် ၀န်ဆောင်ခ ၁,၅၀၀ ကျပ် ကျသင့်မည်ဖြစ်သည်။ အသုံးပြုသူအနေဖြင့် တစ်ကြိမ်ဝယ်ယူမှုအတွက် ရက်ပေါင်း ၃၀ အသုံးပြုနိုင်မည်ဖြစ်ပြီး သက်တမ်းကုန်ဆုံးသွားခဲ့ပါက နာရီတိုင်းအတွက် ၅ မိနစ်စာ ဝန်ဆောင်မှုကို ထပ်မံလျှောက်ထားနိုင်မည် ဖြစ်သည်။

နာရီတိုင်းအတွက် ၅ မိနစ်စာ အစီအစဉ်ဆိုသည်မှာ တစ်နာရီအတွင်း မိုဘိုင်းဖုန်းဆက်သွယ် အသုံးပြုမှုကို ဘီလ်ဖြတ်တောက်ရာ၌ စတင်ပြောဆိုသည့် ၅ မိနစ်စာအတွက်သာ ငွေကြေးကောက်ခံခြင်းဖြစ်ပြီး ကျန်ရှိသော ဆက်တိုက်အသုံးပြုခဲ့သည့် တစ်နာရီအတွင်း မိနစ်များအား ဘီလ်ကောက်ခံခြင်း မရှိသည်ကို ဆိုလိုခြင်း ဖြစ်သည်။

Tags: 

MPTPackage



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment