Saturday, 28 May 2016

ဝဋ်ကြွေးတစ်ပတ်လည်လာတဲ့အခါ

ဝဋ်ကြွေးဆိုတာ…. နွားခြေခွက်ရာနောက်က ကပ်လိုက်လာတဲ့လှည်းဘီးလိုပါပဲ….
 ရောက်လာတာ သိပ်မြန်တယ်။ ကိုယ်တောင်မထင် လိုက်သေးတဲ့အချိန်မှာ ကိုယ့်ဆီကိုရောက်နှင့်နေပါပြီ…သိပ်ကို ကြောက်စရာကောင်းပါတယ်။

အရင်တုန်းကပြောကြသလို နောင်ဘဝမှာ ဝဋ်ကြွေးတွေပြန်ဆပ် ရမယ်တို့ ဆိုတာ ဒီနေ့အချိန်မှာတော့ နောင်ဘဝတောင်မကူးတော့ ပါဘူး။

ကိုယ်ကသူတစ်ပါးအပေါ် မကောင်းတာတစ်ကြိမ်ပြုထား ခဲ့ရင် ကိုယ့်အလှည့် ပြန်ခံစားရမယ့်
အချိန်ကျကိုယ်ပြုခဲ့တဲ့ တစ်ကြိမ် မက ပြန်လည်ပေးဆပ်ရပါလိမ့်မယ်။

သူတစ်ပါး မျက်ရည်ပေါက်ကြီးငယ်ကျအောင်၊ သူတစ်ပါးစိတ်ဆင်းရဲ အောင်၊ သူတစ်ပါးပျက်စီးကြောင်းဖြစ်အောင်၊ သူတစ်ပါးအပေါ် မတ ရားအနိုင့်ထက်ပြုကျင့်ခဲ့မိတယ်ဆိုရင် ဒီဝဋ်ကြွေးတွေအတွက်တစ် ချိန်မှာ ပြန်ခံစားရပါလိမ့်မယ်။

ပူလောင်တဲ့ သောကပူမျက်ရည်တွေ ဆပ်လို့မကုန်နိုင်အောင် ကျလာရတတ်ပါတယ်။ ကိုယ်က မကောင်း မှုပြုခဲ့ဖူးတဲ့ သူကကိုယ့် အပေါ်ပြန် လည်တုန့်ပြန်သူမဟုတ်လိမ့် သည့်တိုင်အောင် တခြားသူတွေကကိုယ့် အပေါ်ပြန်လည်ခံစားစေ လိမ့်မယ်။

ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ် ကံအကျိုးတွေက ကိုယ့်နောက် မှ အမြဲမခွာထက်ကျပ်လိုက်နေတယ်ဆိုတာ သိထားပါ။

ကောင်းတာ လုပ်ခဲ့တဲ့ ကုသိုလ်ကံအကျိုးတွေကနေ တစ်ချိန်ကောင်းကျိုးတွေ ပြန်ခံစားရတတ်သလို၊ မကောင်းတာလုပ်ခဲ့တဲ့ အကုသိုလ်ကံ အ ကျိုးတွေကလည်း တစ်ချိန်မကောင်း မှုအကျိုးတွေ ပြန်ခံစားရစေမှာ မလွဲမသွေပါပဲ…...

Credit: ဖိုးသူတော် 



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment