Saturday, 28 May 2016

အိုမင်းလာနေတဲ့သင့်မိဘတွေအတွက်တတ်နိုင်သလောက်အချိန်ပေးပါ



အခု ဒီစာကိုဖတ်နေတဲ့အချိန်မှာ… သင့်မိဘတွေအကြောင်း ခဏလေးဖြစ်ဖြစ် ဖျက်ခနဲ တွေးကြည့်လိုက်ပါ။

လက်ရှိမှာ သင်ဟာတစ်ကိုယ်ရည်၊ တစ်ယောက်တည်းသမားဖြစ် မယ်ဆိုရင်… သင့်ရဲ့အနာဂတ်လှပဖို့ အလုပ်တွေကိုအသည်းအ သန် ကြိုးစားနေရတဲ့အတွက် မအားမလပ်တဲ့အခါ သင့်မိဘတွေ ကို မေ့ကောင်းမေ့နေကြလိမ့်မယ်။ သင့်မိဘတွေအတွက် သီးသန့်ပေးမယ့် အချိန်လည်း ရှားကောင်းရှားနေလိမ့်မယ်။

ဒါမှမဟုတ် သင်က သင့်မိသားစု၊ သင့်အသိုင်းအဝိုင်းသစ်တစ်ခုမှာ ပိုင်ဆိုင်နေပြီဆိုရင်…. ပိုလို့တောင် မိဘတွေနဲ့ ဝေးကွာသွားတော့မှာ ပေါ့။ သင့်သားသမီးကိစ္စ၊ သင့်အိမ်ထောင့်ကိစ္စ၊ သင့်အလုပ်ကိစ္စ တွေနဲ့ ဗျာများနေတဲ့ ကြားကနေ သင့်မိဘတွေဆိုတဲ့ အတွေးကို ဘယ်လိုလုပ် အထူးတ လည် တွေးနိုင်ကြမလဲ။ အချိန်ပေးနိုင်ကြမလဲ။

ဒီလိုဒီအကြောင်း ခေါင်းစဉ်အမျိုးမျိုးကြောင့်နဲ့ မိဘတွေအတွက် မ ပေးနိုင် ခဲ့အချိန်တွေမှာ သင်တို့ရဲ့အသက်အရွယ်၊ ဘဝအရွယ်တွေကလည်း ကြီးပြင်းလာခဲ့ကြသလို သင့်ရဲ့မိဘတွေရဲ့ အသက် ဘဝအချိန်တွေ ကလည်း အတူတူ ကြီးပြင်းအိုမင်း လာကြလိမ့် မယ်ဆိုတာလည်း မေ့မနေသင့်ပါ ဘူးနော်…

သူတို့ရဲ့ကြီးပြင်းအိုမင်းလာတဲ့အချိန်က သင်တို့နဲ့ အတူတူကြာကြာ မနေနိုင်တော့လို့၊ သူတို့အတွက် အချိန်တွေ သိပ်မ ကျန်တော့လို့ သင့်မိဘတွေအတွက် အချိန်ပိုပိုပြီးတော့ပေးသင့်ပါတယ်။ အသက် ကြီး အိုမင်းလာတဲ့ မိဘတိုင်းက သူတို့ရဲ့သားသမီးတွေကို သူတို့ငယ်စဉ် က ပြုစုပျိုးထောင်ပေးခဲ့သလိုပဲ သူတို့ကိုလည်းအနားမှာနေ ပေးပြီး ပြု စုစောင့်ရှောက်ပေးချင်တဲ့ ဆန္ဒတွေရှိနေကြတယ်ဆိုတာ ထုတ်မပြော သာလို့သာ မပြောတတ်ကြတာပါ…..

Credit: ရွှေဝတ်မှုန်(ရွှေအင်းလေး)



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment