Tuesday, 10 May 2016

အပြုံးတစ်ပွင့်ပေးလိုက်ပါ

လူဆိုတာ

တစ်ခါတစ်ရံမှာ ကိုယ့်စိတ်နဲ့ကိုယ်တောင်

အပေးအယူမမျှတဲ့အခါတွေရှိပါတယ်။

တစ်ခြားသူတွေနဲ့ သဘောထားခြင်း

မတိုက်ဆိုင်တာလည်း ဆန်းတော့မဆန်းပါဘူး

တကယ်တော့......

လူတစ်ယောက်နဲ့ တစ်ယောက်

အမြဲတမ်း သဘောထားခြင်းတိုက်ဆိုင်နေဖို့ဆိုတာ

လုံးဝမဖြစ်နိုင်တဲ့အရာပါ။

ကိုယ့်စိတ် ကိုယ့်ဆန္ဒ ကိုယ့်သဘောထားနဲ့

တစ်ခြားသူရဲ့ စိတ်.ဆန္ဒ.သဘောထားဟာ

အမြဲတမ်း ထပ်တူကျမနေပဲ

တစ်ခါတစ်လေ လွဲမှားမှုဆိုတာ ရှိတတ်စမြဲပါ။

ဒါကြောင့်......ဘဝမှာ

ကိုယ်နှစ်နှစ်ကာကာစိတ်နှစ်ထားတဲ့သူနဲ့

ကိုယ့်ဘဝအတွက် အရေးပါဆုံးသူတွေကို

မဆုံးရှုံးရအောင် အဓိကအလိုအပ်ဆုံးအရာဟာ

ယုံကြည်မှုနဲ့ နားလည်မှုရှိဖို့ပါပဲ။

‪credit: ‎ဒိုက်ဒိုက်‬-မြင်းခြံ



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment