ဈေးသက်သာပြီး screen အရွယ်ကြီးမားသော စမတ်ဖုန်းကို ကိုင်ဆောင်လိုသူများအတွက် Mi Max ကို Xiaomi က တရားဝင် မိတ်ဆက်ပေးလိုက်သည်။
Mi Max တွင် ၆.၄၄ လက်မ screen ပါဝင်ပြီး သတ္တုကိုယ်ထည်၏ အထူမှာ ၇.၅ မီလီမီတာသာရှိသည်။ အရွယ်ကြီးမားသည့် 4,850mAh ဘက်ထရီကို အသုံးပြုထားပြီး အလေးချိန်က ၂၃၀ ဂရမ်ဖြစ်သည်။
Mi Max ကို အမျိုးအစား သုံးမျိုးဖြင့် ရရှိနိုင်သည်။ ပထမအမျိုးအစားမှာ Snapdragon 652 chipset, 4GB RAM နှင့် 128GB သိုလှောင်မှုပမာဏဖြစ်သည်။ 3GB/64GB အမျိုးအစားဖြင့်လည်း ရရှိနိုင်သည်။ ဈေးအသက်သာဆုံး အမျိုးအစားမှာ Snapdragon 650 chipset, 3GB RAM နှင့် 32GB သိုလှောင်မှုပမာဏဖြစ်သည်။ Andreno 510 GPU ကိုအသုံးပြုထားပြီး hybrid dual-SIM slot ကြောင့် သိုလှောင်မှုပမာဏကို တိုးမြှင့်အသုံးပြုနိုင်သည်။
Xiaomi Mi Max တွင် Android 6.0 Marshmallow ကို အခြေခံထားသည့် MIUI 8 ကို အသုံးပြုထားသည်။ လုံခြုံရေးစနစ်အနေဖြင့် ဖုန်း၏ကျောဘက်၌ လက်ဗွေဖတ်စနစ်တစ်ခု ထည့်သွင်းပေးထားသည်။
ကင်မရာအနေဖြင့် ကျောဘက်တွင် 16MP နှင့် dual-LED flash ကို အသုံးပြုထားပြီး အရှေ့ဘက်ကင်မရာက 5MP ဖြစ်သည်။
Mi Max ကို ငွေရောင်၊ မီးခိုးရောင်နှင့် ရွှေရောင်တို့ဖြင့် မေလ ၁၇ ရက်တွင် စတင်ရောင်းချမည်ဖြစ်သည်။
တန်ဖိုးမှာ S650/3GB/32GB အမျိုးအစားအတွက် ၁,၅၀၀ ယွမ် (၂၃၀ ဒေါ်လာ)၊ S652/3GB/64GB အတွက် ၁,၇၀၀ ယွမ် (၂၆၀ ဒေါ်လာ) နှင့် S652/4GB/128GB အမျိုးအစားအတွက် ယွမ် ၂,၀၀၀ (ဒေါ်လာ ၃၀၀) ကျသင့်မည်ဖြစ်သည်။
Ref: GSMArena
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment