Tuesday, 10 May 2016

Donkey Kong ဂိမ်းကစားသူ ကမ္ဘာ့စံချိန်တင်အမှတ် ထပ်မံချိုးဖျက်



Donkey Kong ဂိမ်းကစားသူ ဝက်စ်ကုပ်လန်သည် ကမ္ဘာ့အတော်ဆုံး Donkey Kong ကစားသမားဖြစ်ပြီး ဆယ်စုနှစ်ပေါင်းများစွာ King of Kong ဘွဲ့ကို ရယူထားခဲ့သည်။ ယခုအခါတွင် ဝက်စ်ကုပ်လန်သည် မေလ ၅ ရက်တွင် အမှတ် ၁,၂၁၈,၀၀၀ ဖြင့် ၎င်းကိုယ်တိုင် တင်ထားခဲ့သည့် Donkey Kong ကမ္ဘာ့စံချိန်ကို ချိုးဖျက်ခဲ့သည်။ “ ဒါဟာ ကျွန်တော်ရဲ့နောက်ဆုံး စံချိန်တင် အမှတ်ပါ။ ဒီအမှတ်ထက် မြင့်အောင် ကစားနိုင်မယ်လို့ ကိုယ်ကိုယ့်ကိုယ် မယုံရဲပါဘူး” ဟု Facebook တွင် ၎င်းကရေးသားခဲ့သည်။

ဝက်စ်ကုပ်လန်သည် Donkey Kong ဂိမ်းကို ၃ နာရီနှင့် ၁၇ မိနစ် ကစား၍ စံချိန်သစ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် မာရီယို တစ်ကောင်မှ မဆုံးရှုံးဘဲ အဆင့်ပေါင်း ၂၂ ခုကို ကျော်ဖြတ်ကစားနိုင်ခဲ့သည်။

Ref: CNET

Tags: 

Gaming



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment