Google သည် ရှာဖွေမှုရလဒ်များကို အပြာရောင်အစား အနက်ရောင်လင့်ခ်များဖြင့် ဖော်ပြပေးရန် စမ်းသပ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် Google သည် ၎င်း feature ကို A/B နည်းလမ်းဖြင့် စမ်းသပ်လျက်ရှိသည်။ A/B စမ်းသပ်မှုဆိုသည်မှာ မည်သည့်ဗားရှင်းကပိုကောင်းကြောင်း သိနိုင်ရန် ဝက်ဘ်ဆိုက်သုံးစွဲသူကို မတူညီသည့် ဗားရှင်းနှစ်မျိုး ပြသပေးပြီး နှိုင်းယှဉ်ခိုင်းသည့် နည်းလမ်းဖြစ်သည်။ သုံးစွဲမှု ပိုမိုများပြားသည့် ဗားရှင်းက ပိုကောင်းကြောင်း ပေါ်လွင်စေမည် ဖြစ်သည်။ ယခုစမ်းသပ်မှုကို လူတိုင်းမြင်တွေ့ရမည် မဟုတ်သလို အချိန်တိုင်းလည်း မြင်တွေ့နိုင်မည် မဟုတ်ပေ။
Google ၏ အရောင်များပြောင်းလဲမှု ပြုလုပ်သည့် ရည်ရွယ်ချက်ကို မသိရှိရသေးသော်လည်း သုံးစွဲသူအများအပြားကမူ အနက်ရောင်အဖြစ် ပြောင်းလဲခြင်းကို ကန့်ကွက်ခဲ့ကြောင်း Telegraph မှ ဖော်ပြခဲ့သည်။
Ref: 9to5Google
Tags:
GoogleSearch
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment