လူတစ်ယောက် အမြဲတမ်း စိတ်ပျော်ရွှင်မှုကို ဘယ်လို ရရှိုနိုင်မလဲ
ပျော်ရွှင်ခြင်းရဲ့ အဓိကသော့ချက်တစ်ခုက မှန်ကန်တဲ့ နေအိမ်အနေ
အထား ရရှိပိုင်ဆိုင်ခြင်းပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက
သင်ထင်ထားတာထက်ကို များစွာ အကျိုးသက်ရောက်မှု ဖြစ်စေလို့ပဲ
ဖြစ်ပါတယ်။ အမြဲစိတ်ပျော်ရွှင်နေတဲ့ လူတစ်ဦး နေအိမ်မှာ
မြင်တွေ့ရမယ့် အရာ (၃) ခုမှာတော့
၁။ သစ်ပင်
မိမိနေအိမ်အတွင်း စိမ်းစိုတဲ့ ဘယ်အရာကပဲဖြစ်ဖြစ် စိတ်ကို
အေးချမ်းစေပြီး ပိုမိုကောင်းမွန်တဲ့ စိတ်ခံစားချက်တစ်ခု ရရှိစေပါ
လိမ့်မယ်။ ပျော်ရွှင်တဲ့ လူတိုင်းနီးပါးရဲ့ နေအိမ်တွေမှာ စိမ်းစိုတဲ့
သစ်ပင်တစ်ခုခု ထားရှိတတ်ကြပါတယ်။ အရည်ရွှမ်းသောအပင်
အသေးစားတစ်ခုဖြစ်ဖြစ်၊ အုန်း/ထန်းမျိုးအပင် တစ်ခုဖြစ်ဖြစ်
ရှိတတ်ကြပါတယ်။
ဖယောင်းတိုင်
အထူးသဖြင့် လောင်စာကုန်ခါနီး ငြိမ်းသတ်ထားသည့် ဖယောင်းတိုင်
တွေဖြစ်ပါတယ်။ ဘာကြောင့်လဲ။ ဒီပုဂ္ဂိုလ်ဟာ ဖယောင်းတိုင် သင်း
ရနံ့ကို အမှန်တကယ် ကြည်နူးခံစားတတ် သဘောဖြစ်ပါတယ်။
အဲဒါက သူတို့နေအိမ်နဲ့ နှလုံးသားကို စိတ်ပျော်ရွှင်ကျေနပ်မှုကို
ပေးစွမ်းပါတယ်။ ဖယောင်းတိုင်ဟာ မိမိဘာသာ စိတ်ပျော်ရွှင်မှု
ရအောင် အဖော်ပြုပေးတဲ့ ပစ္စည်းကောင်းလေးတစ်ခုပါပဲ။
ညစ်ပတ်ရှုပ်ပွခြင်း
ပျော်ရွှင်သောလူတွေဟာ ပစ္စုပ္ပန်မှာပဲ စိတ်ကို နစ်ထားတတ်ကြတာမို့
စနစ်တကျ ရှင်းလင်းမယ်ဆိုတာမျိုး သူတို့ အလေးမထားကြပါ။
ပထမဆုံး သူတို့စိတ်ထဲရှိတာက အပြတ်ပျော်ပြီး သန့်ရှင်းရေး
ကို နောက်မှ ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။
Credit : Trend Myanmar
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment