Monday, 30 May 2016

အမျိုးသားတွေက ဘယ်အချိန်မှာ အပျော်ဆုံးလဲ

သုတေသနအဖွဲ့တစ်ခုရဲ့ လေ့လာချက်အရ ဘဝမှာ အမျိုးသားတွေ 

စိတ်အညစ်ရဆုံး၊ စိတ်ဓာတ်အကျဆုံး အချိန်က အသက် ၄၅ နှစ်က 

စတင်တယ်လို့ ဆိုပါတယ်။ အသက် ၄၅ နှစ်ကနေ ၅၉ နှစ်အထိ 

အသက်အရွယ်ဟာ အမျိုးသားတွေ စိတ်ဓာတ်ကျဆင်းမှု အများဆုံး 

ဖြစ်ကြချိန်ပါ။


စိတ်အညစ်ရဆုံး အချိန်ကို ကြုံတွေ့ရသလို အပျော်ရဆုံး အချိန်လည်း 

ရှိပါတယ်။ ဒါပေမဲ့ အမျိုးသားတွေအတွက် အပျော်ရဆုံး အချိန်ကတော့ 

အတော်လေး နောက်ကျပြီးမှ ရောက်လာတတ်ပါတယ်။ ပျှမ်းမျှအားဖြင့် 

အသက် ၆၅ နှစ်ကနေ ၇၉ နှစ်ထိ အရွယ်ဟာ အမျိုးသားတွေရဲ့ဘဝမှာ 

အပျော်ရဆုံး အချိန်ဖြစ်ပါတယ်။


အရွယ်ရောက်ပြီးသူ အမျိုးသား သုံးသိန်းကျော်ကို ဗြိတိန်မှာရှိတဲ့ 

National Statistics အဖွဲ့က လေ့လာစစ်တမ်း ကောက်ယူ ပြီးနောက် 

ဒီရလဒ် ထွက်ပေါ်လာတာပါ။ အသက် ၄၅ နှစ်အရွယ်ကနေ 

၅၉ နှစ်အရွယ်ကြားမှာ အမျိုးသားတွေဟာ စိုးရိမ်ပူပင်မှုတွေလည်း 

များနေတတ်ပါတယ်။ ဒီလေ့လာချက်ကနေ နောက်ထပ်ထွက်လာရတဲ့ 

ရလဒ်တစ်ခုကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အငြိမ်းစားယူတဲ့ အမျိုးသား

တွေဟာ ဘဝကို ပိုပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြတယ်လို့ 

ဆိုပါတယ်။


Credit : duwun



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment