Monday, 30 May 2016

ဘာလုပ်လို့လုပ်ရမှန်းမသိ့ဖစ်နေတဲ့အခါ လုပ်ကိုလုပ်သင့်တဲ့(၅)ချက်


တစ်ခါတစ်ရံ စိတ်တွေ လေပြီး ဦးတည်ရာမဲ့ဖြစ်နေတတ်ပါတယ်။ 

အဲဒီအခါမှာ မိမိစိတ်ကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းတွေကတော့ 

မဖြစ်မနေ သိနေဖို့ လိုအပ်ပါတယ်။


၁) စာဖတ်လိုက်ပါ

စိတ်ဓာတ်ခွန်အားဖြစ်မယ့် စာစုများကို ရွေးချယ်ဖတ်ရှုပါ။ 

ပြီးတော့ မိမိဘာလုပ်ရမလဲ ဆိုတာကို သိရှိလာပါလိမ့်မယ်။


၂) ဆုံးဖြတ်ချက် မစောပါနဲ့

ဦးတည်ရာမဲ့ပြီး စိတ်တွေ လွင့်နေတဲ့ အခါတွေမှာ ဆုံးဖြတ်ချက်ကို 

မစောပါနဲ့။ အချိန်ယူပြီး စဉ်စားပေးပါ။


၃) အားကစားတစ်ခုခု ပြေးလုပ်လိုက်ပါ

ပုံမှန် အားကစား မလုပ်ဘူးဆိုလည်း အားကစား တစ်ခုခု လုပ်လိုက်ခြင်းက 

စိတ်ထွက်ပေါက် တစ်ခုကို ရစေပြီး စိတ်ကို အကောင်း ဘက်သို့

ပြန်လည်အောင် ထိန်းကျောင်းနိုင်ပါတယ်။


၎) အရက်မသောက်မိအောင် ထိန်းပါ

စိတ်တွေလေပြီး စိတ်ဦးတည်ရာ မဲ့နေရင် အရက်ကို မသောက်မိအောင် 

ထိန်းပါ။ အရက်သောက်ပြီးရင် မိမိစိတ်ဟာ ပိုပြီးထိန်းရတာ ခက်သွားပါ

လိမ့်မယ်။


၅) မိမိဝါသနာပါတာကို လုပ်ကြည့်ပါ

မိမိဝါသနာ ပါတဲ့ အလုပ်လေးတွေကို စိတ်ကို တည်ငြိမ်စေပြီး စိတ်ထွက်

ပေါက်လည်း ရရှိစေနိုင်ပါတယ်။ ဒါကြောင့် ဘာလုပ်လို့ လုပ်ရမှန်း 

မသိဖြစ်နေတဲ့ အခါ ဝါသနာပါတဲ့ အလုပ်လေးတွေကို

လုပ်စေလိုပါတယ်။


Credit - pyittinehtaung.com



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment