Samsung သည် Galaxy Note 6 အား ယခုနှစ်သြဂုတ် (သို့) ထို့ထက် ပိုစော၍ ထုတ်လုပ်ဖွယ်ရှိကြောင်း ယူဆထားကြသည်။ ထို့ကြောင့် Samsung မှ Galaxy Note 6 အား စမ်းသပ်နေခြင်းမှာ ထူးခြားသောသတင်း မဟုတ်ခဲ့ပေ။ သို့သော် စိတ်ဝင်စားစရာအချက်မှာ Samsung မှ Note 6 အား version နှစ်မျိုးဖြင့် ပြင်ဆင် လျက်ရှိကြောင်း သတင်းရရှိခဲ့ခြင်း ဖြစ်သည်။
သတင်းများအရ ထို version နှစ်မျိုးထဲမှ တစ်မျိုးကိုသာပြသမည်ဖြစ်ပြီး ကျန်တစ်မျိုးအားထုတ်လုပ်မည် မဟုတ်ဟုဆိုသည်။ ယမန်နှစ်က Galaxy S6 edge+ အား ၂၀၁၆ တွင် မျိုးဆက်သစ်ထပ်မံထုတ်လုပ်မည် မဟုတ်ရာ Note 6 သည် Note 5 သာမက S5 edge+ ကိုပါ ဆက်ခံသူဖြစ်လာဖွယ်ရှိသည်။ ထို့ကြောင့် စမ်းသပ်လျက်ရှိသည့် Note 6 တစ်ခုတွင် ဘေးဘောင်နှစ်ဖက်ကွေးထားသော double curved screen ပါဝင်ကြောင်းသိရသည်။ ဒုတိယတစ်မျိုးမှာ ပုံမှန် screen ဖြင့်ဖြစ်ကြောင်း၊ ကျန် specs များမှာ တူညီမှု ရှိသည်ဟုဆိုသည်။
Galaxy Note 6 သည် 5.8" QHD Super AMOLED screen ပါဝင်မည်ဖြစ်ပြီး 12MP dual-pixel ကင်မရာ အပြင် RAM 6GB ထိပါဝင်၍ 4000mAh ဘက်ထရီအားသုံးစွဲမည်ဟုသိရသည်။ Samsung ၏ Exynos 8 Octa Chipset အသစ် (သို့) Qualcomm Snapdragon 823 အား သုံးစွဲမည်ဟုဆိုသည်။ Storage 32GB ဖြစ်ပြီး micro SD ထည့်သွင်းနိုင်မည်ဟုဆိုသည်။ Google မှ Android N တရားဝင်စတင်မိတ်ဆက်ပြီး မကြာမီ Note 6 အား ထုတ်လုပ်လိမ့်မည်ဟု သိရသည်။
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment