စမတ်ဖုန်းအများစုမှာ မျက်နှာပြင်ခပ်ကြီးကြီး လေးထောင့်သဏ္ဍာန်ဒီဇိုင်း၊ စွမ်းဆောင်ရည်မြင့်မားတဲ့ chip နဲ့ MP အနည်းအများသာကွာဟမှုရှိတဲ့ ရှေ့နဲ့နောက်ကင်မရာစသဖြင့် တူညီတဲ့ features တွေပဲတွေ့ရပြီး OPPO ဟာ N1 မှာကတည်းက လှည့်ပတ်နိုင်တဲ့ကင်မရာကိုတပ်ဆင်ပေးခဲ့ကာ ဈေးကွက်မှာထူးခြားစွာရပ်တည်ခဲ့ပါတယ်။ OPPO N3 မှာလည်း မော်တာနဲ့လှည့်ပတ်နိုင်တဲ့ ကင်မရာဟာ ပိုမိုအဆင့်မြင့်လာပြီး auto-panorama feature တို့ပါ ပါဝင်လာခဲ့ပါတယ်။ အခြားစမတ်ဖုန်းတွေလိုတော့ ပေါ့ပေါ့ပါးပါးမရှိဘဲ ကင်မရာဒီဇိုင်းကြောင့် OPPO N3 ဟာ အနည်းငယ်တော့ထူထပ်လေးလံပါတယ်။ စမတ်ဖုန်းတွေအားလုံးထဲမှာတော့ N3 ဟာ အတော်လေး ထင်ရှားပြီး N3 ဒီဇိုင်းနဲ့တူတဲ့ဖုန်းမျိုး ဈေးကွက်မှာရှာရခက်ပါတယ်။ N3 ကို Dual-SIM အသုံးပြုနိုင်ပြီး N3 ရဲ့ O-click ကို Bluetooth နဲ့ချိတ်ဆက်ကာ လှည့်ပတ်နိုင်တဲ့ကင်မရာကို ထိန်းချုပ်တဲ့အခါသုံးနိုင်ပါတယ်။ အ၀ိုင်းပုံ သဏ္ဍာန် O-click ကို ပလပ်စတစ်နဲ့ပဲဖွဲ့စည်းထားပြီး တေးသီချင်းတွေကိုလည်း control လုပ်ပေးနိုင်ပါတယ်။ N3 မှာ VOOC fast charging နည်းပညာပါဝင်နေပြီး တစ်နာရီအားသွင်းရုံနဲ့ ၆၅% အားပြန်ဖြည့်ပေးနိုင် ပါတယ်။
Design & Build
N3 ဟာ OPPO ရဲ့ N series တွေထဲမှာ တတိယမြောက် version တစ်မျိုးဖြစ်ပြီး N3 ဟာ အရင် N1 နဲ့လည်း တစ်ထေရာတည်းတူညီနေပေမယ့် ဒီဇိုင်းကိုတော့ထူးခြားအောင် အပြောင်းအလဲလေးတွေ OPPO က ပြုလုပ် ပေးထားပါတယ်။ ဒီဇိုင်းပိုင်းမှာ အသိသာဆုံးကလှည့်ပတ်နိုင်တဲ့ကင်မရာကို သရေသားနဲ့ဖွဲ့စည်းပေးထားတဲ့ အချက်ဖြစ်ပြီး N3 ဖုန်းရဲ့ကင်မရာအစိတ်အပိုင်းဟာ အဝေးကကြည့်လိုက်ရင် OPPO N3 မှန်း ခွဲခြားရလွယ်ကူ အောင် အရမ်းထင်ရှားနေတာတွေ့နိုင်ပါတယ်။ N3 မှာ လှည့်ပတ်နိုင်တဲ့ကင်မရာကို မော်တာနဲ့ချိတ်ဆက် ထားပြီး ကင်မရာ app ကနေ ရှေ့ဘက်ကင်မရာခလုတ်ကိုထိလိုက်ရုံနဲ့ အလိုအလျောက်လှည့်ပတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် ဖုန်းရဲ့မျက်နှာပြင်ကို slide လုပ်ပြီးတော့လည်း ကင်မရာကိုလှည့်ပတ်ကာရိုက်ကူးနိုင် ပါတယ်။ N3 ရဲ့အောက်ခြေကို အကွေးပုံသဏ္ဍာန်ဖန်တီးထားပြီး OPPO ရဲ့ Skyline notification bar အတွက် သုံးစွဲနိုင်အောင် ရည်ရွယ်ထားတာပါ။ ဒီလို Notification bar ပါဝင်လာတဲ့ ဒီဇိုင်းပုံစံကို OPPO Find 7 မှာ ကတည်းက ရင်းနှီးနှင့်ပြီးသားဖြစ်ပါလိမ့်မယ်။ OPPO N3 ရဲ့ တည်ဆောက်ထားပုံအရည်အသွေးက ပြောစရာ မလိုအောင် ကောင်းမွန်ပြီး Polycarbonate ကိုယ်ထည်ကြောင့် လက်ထဲမှာနူးညံ့တဲ့အထိအတွေ့ကို ခံစားရမှာ ပါ။ အလူမီနီယံသတ္တုစပ်ကိုတော့ ဖုန်းရဲ့ဘေးဘောင်တစ်လျှောက်မှာ ခံ့ညားနေအောင် ထည့်သွင်းတည် ဆောက်ပေးထားပါတယ်။
Display
N3 မှာ မျက်နှာပြင်ဟာ ၅.၅ လက်မအရွယ်ထိမြင့်တက်လာပြီး IPS LCD Display အမျိုးအစားကိုသုံးထား ပါတယ်။ ရုပ်ထွက်အရည်အသွေးဟာ 1080×1920 pixels Full HD ရုပ်ထွက်အရည်အသွေးကိုရရှိနိုင်ပြီး Corning Gorilla Glass 3 နဲ့ မျက်နှာပြင်ကိုဖုံးအုပ်ပေးထားပါတယ်။ ကျောဘက်မှာ ထည့်သွင်းထားတဲ့ Fingerprint sensor ဟာ iPhone တွေရဲ့ Touch ID sensor လိုမျိုး အလုပ်ကောင်းကောင်းလုပ်ပေးမှာဖြစ်ပြီး sensor ကို ရှေ့မျက်နှာပြင်မှာ ထည့်ပေးထားရင်တော့ ပိုသုံးလို့ကောင်းပါလိမ့်မယ်။
Operating System and Camera
Android OS 4.4 (KitKat) အပေါ်မှာ run ထားတဲ့ OPPO ရဲ့ Color OS 2.0 ကို N3 မှာသုံးနိုင်ပြီး OS က ပိုမို တိုးတက်လာပါတယ်။ N1 ရဲ့ gesture feature လည်း ပြန်လည်ပါဝင်လာပြီး N3 ရဲ့ ကင်မရာဟာ 16MP အရည်အသွေးရှိပါတယ်။ မော်တာနဲ့ ၂၀၆° အထိ လှည့်ပတ်နိုင်တဲ့ကင်မရာမှာ Schneider kreuznach lens ကို အသုံးပြုထားပြီး F/2.0 aperture ရှိပါတယ်။ Auto Panorma ရိုက်နိုင်ပြီး dual-LED flash မီးသုံးနိုင်ပါ တယ်။ N3 မှာ Full HD ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပြီး အရောင်အသွေးစိုပြေပါတယ်။
N3 ရဲ့ စွမ်းဆောင်ရည်အတွက် 2.3GHz မြန်နှုန်းရှိ Qualcomm Snapdragon 801 quad-core processor က ဆောင်ရွက်ပေးပြီး RAM 2GB နဲ့ တွဲဖက်ထားပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 32GB ကို အသုံးချနိုင်ပြီး 128GB အထိ မြှင့်တင်နိုင်ပါတယ်။ ဂရပ်ဖစ် Adreno 330 ထည့်သွင်းထားပြီး ဖြုတ်/တပ်လို့မရတဲ့ Li-Po 3000mAh ဘက်ထရီသုံးစွဲထားပါတယ်။
Specification
Display : 5.5 inches, IPS LCD capacitive touchscreen
Memory : 32 GB, 2 GB RAM, microSD, up to 128GB Camera : 16 Megapixel, autofocus, dual-LED flash, geo-tagging
OS : Android OS, v4.4.4 (KitKat)
Phone : 01-250968 (RH Mobile)
Price : 499,000/-
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment