စမတ်ဖုန်းများဖြင့် လူသိများထင်ရှားသော တရုတ်ကုမ္ပဏီ Xiaomi သည် Mi Drone ဟုခေါ်သည့် ကုမ္ပဏီ၏ ပထမဦးဆုံး ဒရုန်းကို တရားဝင်မိတ်ဆက်ပေးခဲ့သည်။
ပြိုင်ဘက်များထက် ဈေးသက်သာသည့် Mi Drone သည် quadcopter ဖြစ်ပြီး ၎င်းကိုဗားရှင်းနှစ်မျိုးဖြင့် ရရှိနိုင်မည်ဟု Xiaomi က ပြောကြားခဲ့သည်။ ပထမတစ်မျိုးတွင် 4K resolution ကင်မရာပါဝင်ပြီး ကျန်တစ်မျိုးတွင် 1080p ကင်မရာပါဝင်မည် ဖြစ်သည်။ 4K အမျိုးအစားကို beta program ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဇူလိုင်လကုန်တွင် ၂,၉၉၉ ယွမ် (၄၅၅ ဒေါ်လာ) ဖြင့် ရရှိနိုင်မည်ဖြစ်သည်။ ကျန်တစ်မျိုး၏ဈေးနှုန်းမှာ ၂,၄၉၉ ယွမ် (၃၈၀ ဒေါ်လာ) ဖြစ်ပြီး မေလ ၂၆ ရက်မှစတင်ကာ ကုမ္ပဏီ၏ mi Home app မှတစ်ဆင့် ရန်ပုံငွေကောက်ခံသွားမည် ဖြစ်သည်။
1080p ကင်မရာတွင် 16-megapixel Sony sensor ပါဝင်ပြီး 4K ဗားရှင်းတွင် 3,840 x 2,160 pixel resolution ဖြင့် ရိုက်ကူးနိုင်မည့် 12-megapixel sensor ပါဝင်သည်။ ၎င်းတွင် ဓာတ်ပုံများကို raw format ဖြင့် ရိုက်ကူးနိုင်သည့် အထောက်အပံ့ပါဝင်သည်။ ဗားရှင်းနှစ်မျိုးစလုံးတွင် ပုံရိပ်တည်ငြိမ်မှုအတွက် မော်တာတပ်ဆင်ထားသော three-axis gimbal များ ထောက်ပံ့ပေးထားသည်။ ခရီးသွားလာရာတွင် အလွယ်တကူသယ်ဆောင်နိုင်ရန်အတွက် ကင်မရာများကို ဖယ်ရှားနိုင်သလို landing gear ကိုလည်း ခေါက်ထားနိုင်သည်။
Mi Drone တွင် ပါဝင်သည့် 5,100mAh removable ဘက်ထရီဖြင့် ၂၇ မိနစ်ခန့် ပျံသန်းနိုင်သည်။ အလိုအလျောက် ပျံသန်းခြင်း၊ ဆင်းသက်ခြင်းနှင့် မူလနေရာထံပြန်လှည့်လာခြင်းစသည့် နည်းလမ်းများကိုလည်း ထောက်ပံ့ထားသည်။
Ref: CNET
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment