Wednesday, 25 May 2016

ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပါ

ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ ။ဘ၀တစ်လျှောက်လုံးမှာ ဘယ်အရာပဲ လုပ်လုပ် ကိုယ့်ကို ကိုယ်ယုံကြည်မှုရှိဖို့အရမ်းလိုအပ်ပါတယ် ။  မိမိ ကိုယ်ကို ယုံကြည် မှုရှိတဲ့သူနဲ့ ယုံကြည်မှုမရှိ တဲ့သူဟာ အရမ်းကို သိသာကွာခြားလွန်း ပါတယ် ။

 ယုံကြည်မှုရှိရမယ်ဆိုတဲ့နေရာမှာလည်း တချို့ သောသူတွေရဲ့ အယူအဆက နည်းနည်း ကွဲပြားနေပါတယ် ။ယုံကြည်မှု (Confidence) ရှိတယ်ဆိုတာနဲ့ မာနကြီး (Proud ) တယ်ဆိုတာက ကွာခြားလွန်းလှပါတယ် ။



မာနကြီးတယ် ဆိုတာက နေရင်းထိုင်ရင်းကိုယ်ကသာ အကောင်းဆုံး၊အလုပ် ကိုင်နိုင်ဆုံး ၊ အရည်အချင်းအရှိဆုံးလို့ထင် မှတ်ယူနေပြီး ကျန်တဲ့ သူတွေက ဘယ်နေရာမှ အသုံးမ၀င်ဘူး ၊ဘယ်အရာမှ လုပ်ကိုင်လို့မဖြစ်ဘူးဆိုပြီးကိုယ့် ကိုကိုယ်မာနကြီး တစ်ခွဲသားနဲ့ ထင်တစ်လုံးနဲ့ အထင်စွတ်ကြီးနေ တာမျိုး ပါ ။ဒီလို လူမျိုးတွေရှိပါတယ် ။

ယုံကြည်မှုရှိတယ် ဆိုတာ က ဒီလိုမဟုတ်ပါဘူး ။ကိုယ့်ကိုကိုယ် စိတ်ချ တယ် ၊ယုံကြည်တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးသက်ရောက်ပါတယ် ။လုပ်ငန်းခွင်မှာ ဖြစ်ဖြစ် ၊အတတ်ပညာ တစ်ခုခုသင်ယူနေရတဲ့ နေရာဖြစ်ဖြစ် အခက်အခဲတွေကြုံ တိုင်းဘယ်နေရာမှာမဆို ငါလုပ်နိုင်တယ် ၊ ဖြစ်ကိုဖြစ်ရမယ် ဆိုတဲ့ကိုယ့်ကို ကိုယ် စိတ်ချ ယုံကြည်ရတဲ့ စိတ်အင်အားမျိုးကိုဆိုပါတယ် ။
 

ဒါကြောင့်လူတိုင်း မိမိ ကိုယ်ကိုယုံကြည်မှု ရှိသင့်ပါတယ် ။ဒါမှသာ သင်ဘယ်အရာကို လုပ်လုပ်အောင်မြင်နိုင်ခြေ များမယ်ဆိုတာ မလွဲနိုင်ပါဘူး ။လက်ရှိ နယ်ပယ် ကဏ္ဍစုံမှာ အောင်မြင်နေတဲ့သူတော်တော်များများကို ကြည့်ကြည့်လိုက်ပါ ။ 


ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိလို့သာလျှင် ထိပ်တန်းဝင်စာရင်းထဲ ကို ရောက်နေရ တယ်လို့ ပြောမယ် ဆိုရင် မှားနိုင်မယ် မထင် ပါဘူး ။ဒါကြောင့် သင်လဲ ဒီနေ့က စပြီး ဘယ်အရာ ပဲလုပ်လုပ် ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့သာလုပ် ကိုင်ဆောင်ရွက်ပါ ။

ညိမ်းစေသော်(BeeTalk)



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment