သင့်ရဲ့တစ်နေ့တာကို ဖြတ်သန်းတဲ့အခါ..
============================
သင့်ရဲ့တစ်နေ့တာကို ဖြတ်သန်းတဲ့အခါမှာ ဒီအချက်လေးတွေ ပါဝင်ဖို့ ဂရုတ စိုက် လုပ်ဆောင်သင့်ပါတယ်။
(၁) စိတ်အဟာရ ဖြည့်တင်းခြင်း
နေ့တစ်နေ့ရဲ့ အစရောက်တဲ့အခါမှာ လူတွေဟာ မနက်စာစားကြသလိုမျိုး စိတ်ကိုလည်း အဟာရပြည့်အောင်တစ်ခုခုလုပ်သင့်ပါတယ်။ ကိုယ့် အတွက် စိတ်အားတက်ကြွစရာတွေ၊ အားအင်ဖြစ်စေမယ့် အကြောင်းအရာတွေကို
တွေးလိုက်သင့်ပါတယ်။ အားပြည့်နေတဲ့စိတ်ဟာ သင့်ရဲ့တစ်နေ့တာကို အကောင်းမွန်ဆုံး ဖြတ်သန်းစေပါလိမ့်မယ်။
(၂) Plan ဆွဲခြင်း
စိတ်ကို အဟာရဖြည့်ပြီးတာနဲ့ တစ်နေ့တာအတွင်း ကိုယ်လုပ်ရမယ့်အလုပ်တွေ ကို အစီအစဉ်ချလိုက်ပါ။လုပ်စရာရှိတာတွေ၊ သွားစရာရှိ တာတွေ၊ တွေ့ စရာရှိတာတွေကို အစီအစဉ်တကျဖြစ်အောင် စီပါ။ ဒါမှလည်းသင့်ရဲ့အချိန်တွေ အလေ အလွင့်မဖြစ်စေဘဲ အလုပ်တွေလည်း အဆင်ပြေပြေ ပြီးမြောက် နိုင်မှာ ဖြစ်ပါတယ်။
(၃) ဆုံးဖြတ်ချက်တွေ ချခြင်း
ကိစ္စကြီးကြီးမားမားတွေကိုမှ ဆုံးဖြတ်ချက်တွေ ချနေရတာမဟုတ်ပါဘူး။ လူတိုင်းဟာ ကိစ္စသေးသေးလေးတွေကိုလည်းအချိန်တိုင်း ဆုံးဖြတ် ချက်တွေ ချနေရပါတယ်။ ဒီဆုံးဖြတ်ချက်လေးတွေကပဲ တစ်ယောက်နဲ့ တစ်ယောက် အောင်မြင် မှုချင်းကွာဟသွားစေ တာပါ။ စာကြည့်တိုက်သွား မလား၊ Game ဆိုင်သွားမလား။ အလုပ်လုပ်မလား၊ အိပ်မလား။ စသဖြင့်ပေါ့။
တစ်နေ့တာအတွင်း ချမယ့် ဆုံးဖြတ်ချက်တိုင်းဟာလည်း ကိုယ့်အတွက် အကျိုးရှိစေမယ့်အရာတွေဖြစ်ဖို့ ဂရုစိုက်သင့်ပါတယ်။
(၄) ခန္ဓာကိုယ် အစာရဖြည့်ခြင်း
လူတစ်ယောက်ရဲ့တစ်နေ့တာမှ စိတ်အဟာရတွေ ချည်းပြည့်ပြီး အောင်မြင်အောင်၊တိုးတက်အောင်ဆိုပြီး အားထုတ်နေလို့
မပြီးသေးပါဘူး။ ခန္ဓာကိုယ်ဟာလည်း အဟာရပြည့်ဖို့ လိုပါတယ်။ ကိုယ်နဲ့ သင့်တော်တဲ့ အစားအသောက်တွေ၊ ကျန်းမာရေးအတွက်အဟာ ရဖြစ်စေ မယ့်အရာတွေကိုလည်း စားသုံးဖို့လိုပါတယ်။ ကိုယ့်ရဲ့တစ်နေ့ တာ ဖြတ်သန်းမှု ထဲမှာ ဒီအချက်ကိုလည်းအထူးဂရုစိုက်သင့်ပါတယ်။
(၅) ပျော်ရွှင်ပေါ့ပါးခြင်း
ပျော်ရွှင်ခြင်းဆိုတာ အချက်တစ်ချက်အနေနဲ့တောင် တကူးတက လုပ်ဆောင် သင့်ပါတယ်။ တစ်နေ့လုံးအလုပ်တွေ ထိုင်လုပ်နေလို့ လည်း မဟုတ်သေးပါဘူး။ အမြဲတမ်း ငေးငိုင်အနားယူနေလို့လည်း မဖြစ်သေးပါဘူး။ အလုပ်လုပ်ချိန်မှာ
အလုပ်ကို သေချာလုပ်ပြီး ပျော်ရွှင်ခြင်းဆိုတဲ့အရာကိုလည်းဂရုစိုက်သင့်ပါ တယ်။
ရွှေညာမောင်
Ref: VM
Credit>>>ရွှေညာမောင် - Shwe Nyar Maung
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment