Sunday, 17 July 2016

ငါး လိုမနေပါနဲ့။ ကျီးလိုနေပါ

ငါးဟာ “ အစာပဲ ” ကြည့်တတ်တယ်၊ ဒါပေမဲ့ ကျီးကန်းကတော့ “ အစာရော ရန်သူရော ” ကြည့်တတ်တယ်။

ဒါ့ကြောင့် ငါးဟာ ရန်သူ့လက် ကျရောက်လွယ်တယ်၊ ကျီးကန်းကတော့ ရန်သူလက် ကျရောက်ခဲတယ်။

ငါးလိုမနေနဲ့ ကျီးလို နေပါ။ 


(ကျီးတို့၏ ကောင်းသောအကျင့်များ)

၁။ လျှို့ဝှက်သောအရပ်၌သာ ကာမအမှုပြုခြင်း၊

၂။ အကြိမ်များစွာ ရှုခြင်း၊

၃။ အစားအစာကို ဆွေမျိုးတို့နှင့်တကွ စားခြင်း၊

၎။ ရန်သူကို အမြဲဂရုပြုခြင်း ( သတိအမြဲရှိခြင်း)၊

၅၊ မတွယ်တာခြင်း၊


★ ရောက်တဲ့အရပ်မှာ ပျော်အောင် နေတတ်ဖို့ထက်တော်အောင် နေဖို့ကပိုအရေးကြီးတယ်။

★ ပြည့်စုံတယ်ဆိုတာ ရောင့်ရဲသူအတွက်ပါ။

★ မိတ်ကောင်းဆိုတာ ( ပညာ ပစ္စည်း ပါဝါကြောင့် ) စိတ်မပြောင်းသူကို ခေါ်တာပါ။


Credit - အလင်းသစ်







ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment