အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်ဖို့ ပြင်ဆင်ချိန်ဆိုတာထက် ကိုယ့်ကိုယ်ကို တစ်နေ့ထက်တစ်နေ့ တိုးတက်အောင် ပြောင်းလဲနေမှရမှာပါ။ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ ပြင်ဆင်နေရင်းနဲ့ တစ်သက်လုံးပြင်ဆင်တဲ့ဘ၀က တက်လာမှာ မဟုတ်တော့ပါဘူး။ အရင်းအနှီးမရှိသေးဘူးဆိုရင်လဲ ကိုယ်ရှာလို့ရတဲ့အထဲက အရင်းအနှီးရအောင် ဒီနေ့ပဲ စပြီး စုဆောင်းပါ။ စုဆောင်းလို့ရတဲ့ ပမာဏနဲနဲလေးကို ဘယ်လိုပွားများအောင်လုပ်မလဲဆိုတာ အမြဲစဉ်းစားနေပါ။ အကောင်အထည်ဖော်နေပါ။ အရင်းအနှီးမရှိသေးလို့ဆိုပြီး ဘာမှစမလုပ်ရင် ဘယ်တော့မှမဖြစ်လာပါဘူး။ အောင်မြင်တဲ့သူတွေအကုန်လုံးဟာ သူများတွေအိပ်နေတဲ့အချိန်မှာ မအိပ်နိုင်ပဲ အလုပ်လုပ်ခဲ့ရသူတွေဖြစ်ပြီး သူများတွေ သက်တောင့်သက်သာနားနေချိန်မှာ အနားမယူပဲ သင်ယူလေ့လာနေတဲ့သူတွေဖြစ်ပါတယ်။
ပန်းပွင့်လေး (BeeTalk)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
No comments:
Post a Comment