အများနဲ့ အလုပ်လုပ်ကိုင်တဲ့အခါ စိတ်ရှည် သည်းခံနိုင်မှုက အဓိကကပါပဲ။ နောက်ပြီး တိကျပြတ်သားတဲ့ စိတ်ရှိဖို့လည်း လိုပါတယ်။ လူတိုင်းဟာ ကိုယ့်လိုမဟုတ်နိုင်ပါဘူး။ အဲ့ဒီအတွက် စိတ်ကို ရှည်ရှည်ထားနိုင်ရပါမယ်။ ကိုယ့်စိတ်နဲ့ မတူတဲ့ သူတစ်ပါးရဲ့ လုပ်ဆောင်မှုတွေအပေါ် သည်းခံနိုင်ရပါမယ်။ ဒါပေမယ့် ဘာအလုပ်ပဲလုပ်လုပ် ကိုယ့်ဘက် တိကျပြတ်သားဖို့တော့ လိုပါတယ်။ စာရင်းဇယားတွေ တိကျခိုင်မာရပါမယ်။ အများနဲ့ လုပ်ဆောင်တာဖြစ်လို့ စာရင်းအတိအကျနဲ့ အ၀င်အထွက်တွေကို သေချာစိစစ်ထားဖို့ လိုပါတယ်။ ရစရာ၊ ပေးစရာတွေအတွက်လည်း ပြတ်သားဖို့လိုပါတယ်။ စိတ်ရှည်သည်းခံရမယ်ဆိုပမယ့် အားနာဖို့မလိုပါဘူး။ ပြတ်ပြတ်သားသားနဲ့ ပြောဆို ဆုံးဖြတ်သင့်တဲ့ အရာတွေမှာ အားနာသနားနေဖို့ မလိုပဲ ပြတ်သားနိုင်ရပါမယ်။ ကိုယ့်ဘက်က အမှားမရှိအောင် အတတ်နိုင်ဆုံး နေထိုင်လုပ်ကိုင်သွားမယ်ဆိုရင် အဆင်ပြေမှာပါ။
မုန်း (BeeTalk)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
No comments:
Post a Comment