<<< Zawgyi Version >>>
ဝမ္းနည္းေၾကကဲြေနတဲ့ လူငယ္တစ္ဦးဟာ အထုပ္ႀကီးတစ္ထုပ္ထမ္းပိုးၿပီး မိုင္ေပါင္းမ်ားစြာကေန ဆရာေတာ္တစ္ပါးဆီ ေရာက္လာခဲ့တယ္။ ဆရာေတာ္ဆီေရာက္တာနဲ႔ သူက “ဆရာေတာ္.. တပည့္ေတာ္ အထီးက်န္လြန္းေနပါတယ္။ နာက်င္ေၾကကဲြေနပါတယ္။ ႏွစ္ရွည္လၾကာ ေလွ်ာက္လွမ္းခဲ့ရတဲ့ ဘဝခရီးလမ္းေၾကာင့္ တပည့္ေတာ္ ပင္ပန္းႏြမ္းနယ္ေနပါတယ္။ ဖိနပ္လည္း ေပါက္ၿပဲခဲ့ပါၿပီ။
ေျခေထာက္ႏွစ္ဘက္မွာလည္း ဆူးဒဏ္ရာေတြျပည့္ခဲ့ပါၿပီ။ လက္ေတြလည္း ေသြးတစိမ့္စိမ့္နဲ႔ ထိရွခဲ့ပါၿပီ။ ႏွစ္အေတာ္ၾကာ ဟစ္ေအာ္ခဲ့ရတဲ့ လည္ေခ်ာင္းလည္း ကဲြအက္ေနခဲ့ပါၿပီ….. ဘာျဖစ္လို႔ တပည့္ေတာ္ရင္ထဲကေနေရာင္ျခည္ကို တပည့္ေတာ္မေတြ႔ရေသးတာလဲ ဘုရား” လို႔ ေလွ်ာက္တင္တယ္။
အဲဒီအခါမွာ ဆရာေတာ္က “ဒကာေတာ္ အိတ္ထဲမွာ ဘာေတြထည့္ထားတာလဲ”လို႔ ေမးတယ္။
လူငယ္က “အိတ္ထဲကပစၥည္းေတြဟာ တပည့္ေတာ္အတြက္ အင္မတန္အေရးပါတဲ့ ပစၥည္းေတြပါဘုရား။ ထည့္ထားတာေတြက လဲက်တိုင္း တပည့္ေတာ္ နာက်င္ခံစားခဲ့ရတဲ့ ေဝဒနာေတြ၊ ထိခိုက္တိုင္း ငိုေၾကြးခဲ့ရတာေတြ၊ အထီးက်န္တိုင္း စိတ္ရႈပ္ခဲ့ရတာေတြ… အဲဒါေတြနဲ႔ ဆရာေတာ္ဆီ တပည့္ေတာ္ အေရာက္လာခဲ့တာပါဘုရား” လို႔ ေလွ်ာက္တင္တယ္။
ဒီလိုနဲ႔ ဆရာေတာ္ဟာ လူငယ္ကိုေခၚၿပီး ျမစ္ကမ္းတစ္ခုဆီ ေရာက္လာခဲ့တယ္။ သူတို႔က ေလွတစ္စီးကိုေလွာ္ၿပီး ျမစ္ကိုျဖတ္ခဲ့ၾကတယ္။ တစ္ဘက္ျမစ္ကမ္းေပၚ ေရာက္တာနဲ႔ ဆရာေတာ္က “ဒကာေတာ္ ဒီေလွကိုထမ္းပိုးၿပီး ခရီးဆက္ပါ”လို႔ ဆိုတယ္။
ဒါကုိ လူငယ္က တအံ့တၾသနဲ႔ “ေလွကိုထမ္းၿပီး ခရီးဆက္ရမယ္။ ဒီေလာက္ေလးတဲ့ေလွကို တပည့္ေတာ္ ဘယ္ထမ္းပိုးႏိုင္မွာလဲ ဘုရား” လို႔ ျပန္ေမးတယ္။
“ဟုတ္ပါတယ္။ ဒီေလွကို ဒကာ မထမ္းပိုးႏိုင္ပါဘူး။ ဆရာေတာ္တို႔ ျမစ္ကိုျဖတ္ေတာ့ ေလွကိုအသံုးျပဳခဲ့ၾကတယ္။ တဘက္ကမ္းေရာက္တာနဲ႔ ေလွကိုထားခဲ့ၿပီး ခရီးဆက္ၾကတယ္။ တကယ္လို႔ မထားခဲ့ရင္ အဲဒီေလွဟာ ဆရာေတာ္တို႔အတြက္ ႀကီးေလးတဲ့ ဝန္ထုပ္ဝန္ပိုးျဖစ္သြားၿပီ။ နာက်င္တာေတြ၊ အထီးက်န္တာေတြ၊ ဝမ္းနည္းေၾကကဲြတာေတြ၊ မ်က္ရည္ေတြ.. ဒါေတြဟာ လူ႔ဘဝအတြက္ အသံုးဝင္ပါတယ္။ ဘဝကို တိုးတက္၊ ႀကိဳးစားေစတဲ့အရာေတြပါ။ ဒါေပမယ့္ ဒါေတြကိုမေမ့ဘဲ တမ္းတမ္းတတစဲြလမ္းေနရင္ေတာ့ ဒါေတြဟာ ဘဝရဲ႕ဝန္ထုပ္ဝန္ပိုးေတြ ျဖစ္သြားေတာ့တယ္။ ဒါေၾကာင့္ ဒါေတြကို လႊတ္ခ်ပါ။ ဘဝကို ဝန္ထုပ္ဝန္ပိုးေတြနဲ႔ မေလးလံေနပါေစနဲ႔”
လူငယ္ဟာ ဆရာေတာ္မိန္႔ၾကားတဲ့အတိုင္း ႀကီးေလးတဲ့အိတ္ကိုခ်ၿပီး ခရီးဆက္ခဲ့တယ္။ ဒီတစ္ႀကိမ္မွာ သူ႔ရဲ႕ေျခလွမ္းေတြဟာ သြက္လက္ေပါ့ပါးလာတာကို ခံစားမိတယ္။ အရင္ကထက္ သူ ပိုေပ်ာ္ရႊင္လာခဲ့ေတာ့တယ္။
ဘဝမွာ စိတ္ဖိစီးမႈေတြမ်ားတယ္၊ စိတ္ရႈပ္စရာေတြမ်ားတယ္၊ မေပ်ာ္ရႊင္ဘူးလို႔ ကၽြန္မတို႔ မၾကာခဏခံစားၾကရတယ္။ ဒါဟာ မလိုအပ္တဲ့ဝန္ထုပ္ေတြကို ကၽြန္မတို႔ရဲ႕စိတ္ကထမ္းပိုးထားလို႔ျဖစ္တယ္။ ဒါေတြဟာ ကၽြန္မတို႔ရဲ႕အလုပ္အကုိင္၊ ေန႔စဥ္ဘဝကို ပင္ပန္းႏြမ္းနယ္ေစပါတယ္။
တကယ္လည္း လူ႔ဘဝမွာ ဖယ္ရွားလို႔မရႏိုင္တဲ့ ဝန္ထုပ္ဝန္ပုိးမ်ားစြာရွိတယ္။ ဒီဝန္ထုပ္ေတြထဲမွာ မလိုအပ္တာေတြလည္းပါတယ္။ လြန္ကဲတဲ့ လုိခ်င္ေတာင့္တမႈေတြ၊ ေတာင္းဆိုမႈေတြ ဒါမွမဟုတ္ စိုးရိမ္ပူပန္မႈေတြက ဒီဝန္ထုပ္ေတြကို ပိုေလးလံေစပါတယ္။
ပိုလွ်ံေနတဲ့၊ မလိုအပ္တဲ့ဝန္ထုပ္ေတြကို လႊတ္ခ်လိုက္ပါ။ ဘဝဟာရိုးရွင္းၿပီး သက္ေတာင့္သက္သာျဖစ္သြားတာကို ခံစားမိပါလိမ့္မယ္။ စာေရးဆရာတစ္ဦးက ဒီလိုေရးခဲ့ဖူးတယ္။
“ဘဝမွာ မလိုအပ္တဲ့၊ ထမ္းမထားႏိုင္တဲ့ ဝန္ထုပ္ဝန္ပိုးေတြကို ဆိုင္ရာဆိုင္ရာဆီ လဲႊထားလိုက္ပါ။
ေငြေၾကးကို ဘဏ္ဆီလႊဲထားလိုက္ပါ။
ေမ့ေလ်ာ့တတ္တဲ့အရာကို မွတ္စုစာအုပ္ဆီလဲႊထားလိုက္ပါ။
လုပ္စရာအလုပ္ကို တာဝန္ရွိတဲ့ဝန္ထမ္းေတြဆီလႊဲထားလိုက္ပါ။
ႀကိဳတင္ခန္႔မွန္းမသိႏိုင္တဲ့ အနာဂတ္ကို ကံၾကမၼာဆီလႊဲထားလိုက္ပါ။
ဒီေန႔မၿပီးဆံုးႏိုင္တဲ့ကိစၥကို မနက္ျဖန္ဆီလႊဲထားလိုက္ပါ။
စိတ္ရႈပ္စရာကို အလိုလိုေပ်ာက္သြားႏိုင္တဲ့ခံစားခ်က္ဆီ လႊဲထားလိုက္ပါ။
အရြယ္ေရာက္ကေလးေတြရဲ႕ ဖြံ႔ၿဖိဳးတိုးတက္မႈကို သူတို႔ကိုယ္တိုင္ထမ္းပိုးဖို႔ လႊဲထားလိုက္ပါ။
ပိုလွ်ံတဲ့လြမ္းဆြတ္မႈေတြကို မ်က္စိေရွ႕ကတိမ္လႊာေတြဆီလႊဲထားလိုက္ပါ။
သည္းမခံႏိုင္တဲ့အရာ၊ စိတ္ထိခိုက္စရာေတြကို အတြင္းသိသူငယ္ခ်င္းေတြဆီ လႊဲထားလိုက္ပါ။
ခ်စ္သူရဲ႕ကတိသစၥာေတြကို ခ်စ္သူကိုယ္တိုင္ထိန္းသိမ္းဖို႔ လႊဲထားလိုက္ပါ။
မိမိရဲ႕အျပဳအမူ၊ သေဘာထားေတြကို တျခားသူအဖိုးျဖတ္ဖို႔ လႊဲထားလိုက္ပါ။
မိမိနဲ႔မဆိုင္တဲ့အရာေတြကို ဘုရားသခင္ဆီလႊဲထားလိုက္ပါ။
အနာဂတ္အတြက္ ေတြးပူတဲ့ကိုယ့္အပူကို အနာဂတ္ဆီလႊဲထားလိုက္ပါ။
ပင္ပန္းႏြမ္းနယ္ခဲ့တဲ့လမ္းခရီးကို ေရခ်ဳိးသန္႔စင္ဖို႔ လႊဲထားလိုက္ပါ။
စိတ္ပင္ပန္းမႈဒဏ္ေတြကို ႏွစ္ၿခိဳက္တဲ့အနားယူျခင္းဆီလႊဲထားလိုက္ပါ။
မနက္ျဖန္အတြက္ရိတ္သိမ္းမႈကို ဒီကေန႔ရဲ႕ႀကိဳးစားမႈဆီလႊဲထားလိုက္ပါ။
ခ်စ္သူခင္သူဆံုးရႈံးရတဲ့ေဝဒနာကို အလိုလိုေမ့ေလ်ာ့၊ ေမ့ေပ်ာက္သြားႏိုင္မယ့္ အခ်ိန္ဆီ လႊဲထားလိုက္ပါ။”
ရင္ဘတ္ထဲကေျမရိုင္းကို မၾကာခဏ သန္႔ရွင္းျပဳျပင္ေပးပါ။ မလိုအပ္တဲ့ ဝန္ထုပ္ဝန္ပိုးေတြကို လႊတ္ခ်ခဲ့ပါ။ ေန႔စဥ္ဘဝကို ဖြံ႔ၿဖိဳးတဲ့အားအင္ေတြနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ကၽြန္မတို႔ ရွင္သန္ႏိုင္ၾကပါတယ္။
-----
မူရင္းေရးသားျပဳစုသူ— Hu Bao Lin
Credit : ႏိုင္းႏိုင္းစေန ဘာသာျပန္
စာဖတ္ျခင္းျဖင့္ ပညာ ဗဟုသုတ တုိးပြားႏုိင္ၾကပါေစ ...
<<< Unicode Version >>>
မလိုအပ်တဲ့ဝန်ထုပ်တွေကို လွှတ်ချခဲ့ပါ
--------------------------------------
ဝမ်းနည်းကြေကွဲနေတဲ့ လူငယ်တစ်ဦးဟာ အထုပ်ကြီးတစ်ထုပ်ထမ်းပိုးပြီး မိုင်ပေါင်းများစွာကနေ ဆရာတော်တစ်ပါးဆီ ရောက်လာခဲ့တယ်။ ဆရာတော်ဆီရောက်တာနဲ့ သူက “ဆရာတော်.. တပည့်တော် အထီးကျန်လွန်းနေပါတယ်။ နာကျင်ကြေကွဲနေပါတယ်။ နှစ်ရှည်လကြာ လျှောက်လှမ်းခဲ့ရတဲ့ ဘဝခရီးလမ်းကြောင့် တပည့်တော် ပင်ပန်းနွမ်းနယ်နေပါတယ်။ ဖိနပ်လည်း ပေါက်ပြဲခဲ့ပါပြီ။
ခြေထောက်နှစ်ဘက်မှာလည်း ဆူးဒဏ်ရာတွေပြည့်ခဲ့ပါပြီ။ လက်တွေလည်း သွေးတစိမ့်စိမ့်နဲ့ ထိရှခဲ့ပါပြီ။ နှစ်အတော်ကြာ ဟစ်အော်ခဲ့ရတဲ့ လည်ချောင်းလည်း ကွဲအက်နေခဲ့ပါပြီ….. ဘာဖြစ်လို့ တပည့်တော်ရင်ထဲကနေရောင်ခြည်ကို တပည့်တော်မတွေ့ရသေးတာလဲ ဘုရား” လို့ လျှောက်တင်တယ်။
အဲဒီအခါမှာ ဆရာတော်က “ဒကာတော် အိတ်ထဲမှာ ဘာတွေထည့်ထားတာလဲ”လို့ မေးတယ်။
လူငယ်က “အိတ်ထဲကပစ္စည်းတွေဟာ တပည့်တော်အတွက် အင်မတန်အရေးပါတဲ့ ပစ္စည်းတွေပါဘုရား။ ထည့်ထားတာတွေက လဲကျတိုင်း တပည့်တော် နာကျင်ခံစားခဲ့ရတဲ့ ဝေဒနာတွေ၊ ထိခိုက်တိုင်း ငိုကြွေးခဲ့ရတာတွေ၊ အထီးကျန်တိုင်း စိတ်ရှုပ်ခဲ့ရတာတွေ… အဲဒါတွေနဲ့ ဆရာတော်ဆီ တပည့်တော် အရောက်လာခဲ့တာပါဘုရား” လို့ လျှောက်တင်တယ်။
ဒီလိုနဲ့ ဆရာတော်ဟာ လူငယ်ကိုခေါ်ပြီး မြစ်ကမ်းတစ်ခုဆီ ရောက်လာခဲ့တယ်။ သူတို့က လှေတစ်စီးကိုလှော်ပြီး မြစ်ကိုဖြတ်ခဲ့ကြတယ်။ တစ်ဘက်မြစ်ကမ်းပေါ် ရောက်တာနဲ့ ဆရာတော်က “ဒကာတော် ဒီလှေကိုထမ်းပိုးပြီး ခရီးဆက်ပါ”လို့ ဆိုတယ်။
ဒါကို လူငယ်က တအံ့တသြနဲ့ “လှေကိုထမ်းပြီး ခရီးဆက်ရမယ်။ ဒီလောက်လေးတဲ့လှေကို တပည့်တော် ဘယ်ထမ်းပိုးနိုင်မှာလဲ ဘုရား” လို့ ပြန်မေးတယ်။
“ဟုတ်ပါတယ်။ ဒီလှေကို ဒကာ မထမ်းပိုးနိုင်ပါဘူး။ ဆရာတော်တို့ မြစ်ကိုဖြတ်တော့ လှေကိုအသုံးပြုခဲ့ကြတယ်။ တဘက်ကမ်းရောက်တာနဲ့ လှေကိုထားခဲ့ပြီး ခရီးဆက်ကြတယ်။ တကယ်လို့ မထားခဲ့ရင် အဲဒီလှေဟာ ဆရာတော်တို့အတွက် ကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်သွားပြီ။ နာကျင်တာတွေ၊ အထီးကျန်တာတွေ၊ ဝမ်းနည်းကြေကွဲတာတွေ၊ မျက်ရည်တွေ.. ဒါတွေဟာ လူ့ဘဝအတွက် အသုံးဝင်ပါတယ်။ ဘဝကို တိုးတက်၊ ကြိုးစားစေတဲ့အရာတွေပါ။ ဒါပေမယ့် ဒါတွေကိုမမေ့ဘဲ တမ်းတမ်းတတစွဲလမ်းနေရင်တော့ ဒါတွေဟာ ဘဝရဲ့ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်သွားတော့တယ်။ ဒါကြောင့် ဒါတွေကို လွှတ်ချပါ။ ဘဝကို ဝန်ထုပ်ဝန်ပိုးတွေနဲ့ မလေးလံနေပါစေနဲ့”
လူငယ်ဟာ ဆရာတော်မိန့်ကြားတဲ့အတိုင်း ကြီးလေးတဲ့အိတ်ကိုချပြီး ခရီးဆက်ခဲ့တယ်။ ဒီတစ်ကြိမ်မှာ သူ့ရဲ့ခြေလှမ်းတွေဟာ သွက်လက်ပေါ့ပါးလာတာကို ခံစားမိတယ်။ အရင်ကထက် သူ ပိုပျော်ရွှင်လာခဲ့တော့တယ်။
ဘဝမှာ စိတ်ဖိစီးမှုတွေများတယ်၊ စိတ်ရှုပ်စရာတွေများတယ်၊ မပျော်ရွှင်ဘူးလို့ ကျွန်မတို့ မကြာခဏခံစားကြရတယ်။ ဒါဟာ မလိုအပ်တဲ့ဝန်ထုပ်တွေကို ကျွန်မတို့ရဲ့စိတ်ကထမ်းပိုးထားလို့ဖြစ်တယ်။ ဒါတွေဟာ ကျွန်မတို့ရဲ့အလုပ်အကိုင်၊ နေ့စဉ်ဘဝကို ပင်ပန်းနွမ်းနယ်စေပါတယ်။
တကယ်လည်း လူ့ဘဝမှာ ဖယ်ရှားလို့မရနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးများစွာရှိတယ်။ ဒီဝန်ထုပ်တွေထဲမှာ မလိုအပ်တာတွေလည်းပါတယ်။ လွန်ကဲတဲ့ လိုချင်တောင့်တမှုတွေ၊ တောင်းဆိုမှုတွေ ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေက ဒီဝန်ထုပ်တွေကို ပိုလေးလံစေပါတယ်။
ပိုလျှံနေတဲ့၊ မလိုအပ်တဲ့ဝန်ထုပ်တွေကို လွှတ်ချလိုက်ပါ။ ဘဝဟာရိုးရှင်းပြီး သက်တောင့်သက်သာဖြစ်သွားတာကို ခံစားမိပါလိမ့်မယ်။ စာရေးဆရာတစ်ဦးက ဒီလိုရေးခဲ့ဖူးတယ်။
“ဘဝမှာ မလိုအပ်တဲ့၊ ထမ်းမထားနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဆိုင်ရာဆိုင်ရာဆီ လွှဲထားလိုက်ပါ။
ငွေကြေးကို ဘဏ်ဆီလွှဲထားလိုက်ပါ။
မေ့လျော့တတ်တဲ့အရာကို မှတ်စုစာအုပ်ဆီလွှဲထားလိုက်ပါ။
လုပ်စရာအလုပ်ကို တာဝန်ရှိတဲ့ဝန်ထမ်းတွေဆီလွှဲထားလိုက်ပါ။
ကြိုတင်ခန့်မှန်းမသိနိုင်တဲ့ အနာဂတ်ကို ကံကြမ္မာဆီလွှဲထားလိုက်ပါ။
ဒီနေ့မပြီးဆုံးနိုင်တဲ့ကိစ္စကို မနက်ဖြန်ဆီလွှဲထားလိုက်ပါ။
စိတ်ရှုပ်စရာကို အလိုလိုပျောက်သွားနိုင်တဲ့ခံစားချက်ဆီ လွှဲထားလိုက်ပါ။
အရွယ်ရောက်ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သူတို့ကိုယ်တိုင်ထမ်းပိုးဖို့ လွှဲထားလိုက်ပါ။
ပိုလျှံတဲ့လွမ်းဆွတ်မှုတွေကို မျက်စိရှေ့ကတိမ်လွှာတွေဆီလွှဲထားလိုက်ပါ။
သည်းမခံနိုင်တဲ့အရာ၊ စိတ်ထိခိုက်စရာတွေကို အတွင်းသိသူငယ်ချင်းတွေဆီ လွှဲထားလိုက်ပါ။
ချစ်သူရဲ့ကတိသစ္စာတွေကို ချစ်သူကိုယ်တိုင်ထိန်းသိမ်းဖို့ လွှဲထားလိုက်ပါ။
မိမိရဲ့အပြုအမူ၊ သဘောထားတွေကို တခြားသူအဖိုးဖြတ်ဖို့ လွှဲထားလိုက်ပါ။
မိမိနဲ့မဆိုင်တဲ့အရာတွေကို ဘုရားသခင်ဆီလွှဲထားလိုက်ပါ။
အနာဂတ်အတွက် တွေးပူတဲ့ကိုယ့်အပူကို အနာဂတ်ဆီလွှဲထားလိုက်ပါ။
ပင်ပန်းနွမ်းနယ်ခဲ့တဲ့လမ်းခရီးကို ရေချိုးသန့်စင်ဖို့ လွှဲထားလိုက်ပါ။
စိတ်ပင်ပန်းမှုဒဏ်တွေကို နှစ်ခြိုက်တဲ့အနားယူခြင်းဆီလွှဲထားလိုက်ပါ။
မနက်ဖြန်အတွက်ရိတ်သိမ်းမှုကို ဒီကနေ့ရဲ့ကြိုးစားမှုဆီလွှဲထားလိုက်ပါ။
ချစ်သူခင်သူဆုံးရှုံးရတဲ့ဝေဒနာကို အလိုလိုမေ့လျော့၊ မေ့ပျောက်သွားနိုင်မယ့် အချိန်ဆီ လွှဲထားလိုက်ပါ။”
ရင်ဘတ်ထဲကမြေရိုင်းကို မကြာခဏ သန့်ရှင်းပြုပြင်ပေးပါ။ မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လွှတ်ချခဲ့ပါ။ နေ့စဉ်ဘဝကို ဖွံ့ဖြိုးတဲ့အားအင်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကျွန်မတို့ ရှင်သန်နိုင်ကြပါတယ်။
-----
မူရင်းရေးသားပြုစုသူ— Hu Bao Lin
Credit : နိုင်းနိုင်းစနေ ဘာသာပြန်
.
စာဖတ်ခြင်းဖြင့် ပညာ ဗဟုသုတ တိုးပွားနိုင်ကြပါစေ ...
ကြ်န္ေတာ္သိ၊ကြ်န္ေတာ္တတ္၍ ေရးသားျခင္းမဟုတ္ပါခင္ဗ်ာ။ ကြ်န္ေတာ္ေလ့လာမိသမွ်ကို စာဖတ္သူမ်ားျပန္လည္ေလ့လာမိေစရန္ ျပန္လည္မွ်ေဝျခင္းသာျဖစ္ပါသည္။ ကြ်န္ေတာ့္ပို႕စ္တစ္ခုခ်င္းစီအတြက္ မူရင္းေရးသားသူမ်ားကို အထူးေက်းဇူးဥပကာရတင္ရွိပါတယ္ခင္ဗ်ာ။ ေအာင္ျမင့္ျမတ္(Myanmar Youths) Ph-09256480246
No comments:
Post a Comment