Thursday, 21 July 2016

တယ်လီနောသုံးစွဲသူ ၁၇ သန်းအထိရှိလာ



ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သော Telenor သည် ၂၀၁၆ ခုနှစ် ဒုတိယသုံးလပတ် အစီရင်ခံစာကိုထုတ်ပြန်ခဲ့ပြီး အဆိုပါ အစီရင်ခံစာအရ ၎င်း၏ ဆက်သွယ်ရေးကွန်ရက်အသုံးပြုသူ ၁၇ သန်းအထိ တိုးတက်လာခဲ့ကြောင်း သိရသည်။

ကွန်ရက်အသုံးပြုသူအားလုံး၏ ၅၀ ရာခိုင်နှုန်းကျော်သည် မိုဘိုင်းအင်တာနက်စနစ်ကို အသုံးပြု နေကြသူများဖြစ်ကြပြီး အင်တာနက်အသုံးပြုမှုသည် အခြားသော ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများထက် သာလွန်နေခဲ့သည်ဟု Telenor Myanmar က ထုတ်ပြန် ကြေညာထားသည်။

လက်ရှိအချိန်၌ Telenor သည် တာဝါတိုင်ပေါင်း ၅၈၃၀ ကို ပိုင်ဆိုင်ထားပြီး လူဦးရေသိပ်သည်းသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဆက်သွယ်ရေးကွန်ရက်ကို ၆၅ ရာခိုင်နှုန်း လွှမ်းခြုံ ပေးထားနိုင်ခဲ့သည်ဟု သိရသည်။

Telenor ၏ ရည်မှန်းချက်အရ ၎င်းတို့၏ ဆက်သွယ်ရေးကွန်ရက်သည် ၂၀၁၆ ခုနှစ် အကုန်တွင် တာဝါတိုင်ပေါင်း ၇ ထောင်ကျော်ကို တည်ဆောက်ပြီးစီးမည်ဟု သိရပြီး ၂၀၁၈ ခုနှစ် မတိုင်ခင်တွင် နိုင်ငံလူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော်ကို ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံပေးထားနိုင်မည်ဟု သိရသည်။

Credit-Internet Journal



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment