OPPO F1s ကို သြဂုတ်လ ၃ ရက်တွင် ပွဲထုတ်မိတ်ဆက်မည်ဟု ကုမ္ပဏီမှ ပြောကြားလိုက်သည်။
F1s သည် ကုမ္ပဏီ၏ ၂၀၁၆ ဒုတိယနှစ်ဝက်အတွက် အဓိကထုတ်ကုန်တစ်ခုဖြစ်လာမည်ဟု OPPO မှ ပြောကြားခဲ့သည်။
F1s နှင့်ပတ်သက်သည့် အချက်အလက်များကို OPPO မှ များစွာ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသော်လည်း ၎င်းတွင် F1 ၏ ချောမွတ်သည့်ဒီဇိုင်း၊
လျင်မြန်သည့်စွမ်းဆောင်ရည်၊ ကောင်းမွန်သည့်ဓာတ်ပုံအရည်အသွေးနှင့်အတူ feature သစ် များစွာကို ထည့်သွင်းထားကြောင်း ကုမ္ပဏီမှ ဆိုခဲ့သည်။
OPPO သည် F1 အပြင် F1 Plus ကို လွန်ခဲ့သည့်လအနည်းငယ်က ဖြန့်ချိထားသောကြောင့် F1s မှာ ခြောက်လအတွင်း တတိယမြောက် F1 ဖြစ်လာမည်ဖြစ်သည်။
F1 သည် မေလတွင် အိန္ဒိယ၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားအပါအဝင် နိုင်ငံအများအပြား၏ ၂၂၅ ဒေါ်လာ မှ ဒေါ်လာ ၃၀၀ အကြား တန်ဖိုးရှိသော စမတ်ဖုန်းများ၌ အရောင်းရဆုံးထုတ်ကုန်ဖြစ်ခဲ့သလို အချို့ဈေးကွက်များတွင်လည်း ဒုတိယအရောင်းရဆုံး ထုတ်ကုန်အဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း OPPO မှ ပြောကြားခဲ့သည်။
Ref: AndroidAuthority
Credit-Internet Journal
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
No comments:
Post a Comment