Thursday, 21 July 2016

Facebook Messenger ကို လစဉ်သုံးစွဲသူ တစ်ဘီလျံကျော်ရှိလာ



Facebook Messenger ကို လစဉ်သုံးစွဲသူ တစ်ဘီလျံကျော်ရှိကြောင်း ကုမ္ပဏီမှ ထုတ်ပြန်ကြေညာခဲ့သည်။

WhatsApp သည်လည်း ဖေဖော်ဝါရီလက သုံးစွဲသူ တစ်ဘီလျံပြည့်ခဲ့သောကြောင့် ယခုအခါ Facebook က သုံးစွဲသူ တစ်ဘီလျံရှိသည့် messaging ဝန်ဆောင်မှုနှစ်ခု ပိုင်ဆိုင်ထားပြီဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ခေတ်ပေါ် ဆက်သွယ်မှုတွေအတွက် အကောင်းဆုံးအတွေ့အကြုံတွေ ဖန်တီးနိုင်ဖို့ အာရုံစိုက်ခဲ့ပါတယ်။ နောက်ပြီး သုံးစွဲသူအချင်းချင်းနဲ့ စီးပွားရေးလုပ်ငန်းတွေ ချိတ်ဆက်ရာမှာ အထောက်အကူဖြစ်စေဖို့အတွက်လည်း ကျွန်တော်တို့ အာရုံစိုက်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းက Messenger သုံးစွဲသူအပေါင်းကို ကျေးဇူးတင်ပါတယ်။ နောက်ထပ် တစ်ဘီလျံ ချိတ်ဆက်နိုင်ဖို့ ကျွန်တော်တို့ ဆက်လက်ကြိုးပမ်းသွားပါမယ်” ဟု Facebook Messenger အကြီးအကဲဖြစ်သူ ဒေးဗစ်မားကပ်စ်က ပြောကြားခဲ့သည်။

Messenger သည် ၂၀၁၆ ခုနှစ်တွင် အလျင်အမြန်ကြီးထွားလာခဲ့ပြီး သုံးလလျှင် သုံးစွဲသူ သန်း ၁၀၀ ခန့် ရရှိခဲ့သည်။ အဆိုပါဝန်ဆောင်မှုကို သုံးစွဲသူသည် ဇန်နဝါရီလတွင် သန်း ၈၀၀ ရှိခဲ့ပြီး ဧပြီလတွင် သန်း ၉၀၀ ရှိခဲ့သည်။ Messenger သည် Facebook ၏နောက် ဒုတိယနာမည်အကျော်ကြားဆုံး iOS app ဖြစ်လာခဲ့သလို Android တွင်လည်း download ပြုလုပ်သည့်အကြိမ် တစ်ဘီလျံကျော် ရှိလာခဲ့သည်။ သုံးစွဲသူများအကြားနှင့် စီးပွားရေးလုပ်ငန်းများအကြား message ပေးပို့မှုသည် တစ်လလျှင် တစ်ဘီလျံရှိသည်။

ထို့အပြင် သုံးစွဲသူများသည် Messenger မှတစ်ဆင့် သူငယ်ချင်းများထံ တစ်နေ့လျှင် GIF ၂၂ သန်းကျော်နှင့် တစ်လလျှင် ဓာတ်ပုံ ၁၇ ဘီလျံ ပေးပို့ကြကြောင်း သိရသည်။

Ref: TheVerge
Credit-Internet Journal



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment