Monday, 5 September 2016

ကမ္ဘာ့ပထမဆုံးမျက်နှာပြင်ကွေးLaptopထွက်ပေါ်


စမတ်ဖုန်းတွေမှာသာ မဟုတ်တော့ဘဲ လက်တော့ပ်တွေမှာပါ မျက်နှာပြင်အကွေးတွေနဲ့ မြင်တွေ့ရဖို့ နီးလာပြီလို့ ပြောရတော့မှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဘာလင်မြို့မှာ ကျင်းပတဲ့ IFA ပြပွဲမှာတော့ ထိုင်ဝမ် ကုမ္ပဏီ Acer ကနေ ကမ္ဘာ့ပထမဆုံး ဖြစ်လာမယ့် မျက်နှာပြင်အကွေးနဲ့ လက်တော့ပ်ကို ပွဲထုတ်ခဲ့တယ်လို့ သြဂုတ် ၃၁ ရက်က bbc.com သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ မျက်နှာပြင်အကွေးနဲ့ Screen တွေကို ရုပ်ရှင်ရုံတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီ ဖြစ်သလို တီဗီတွေ ဆိုရင်လည်း လွန်ခဲ့တဲ့သုံးနှစ်လောက်ကတည်းက မျက်နှာပြင်အကွေးတွေနဲ့ ထွက်ပေါ်လာခဲ့ကြပေမဲ့ ပထမဆုံး မျက်နှာပြင်ကွေး လက်တော့ပ်ကိုတော့ အခုမှ မြင်တွေ့ခွင့်ရတာ ဖြစ်ပါတယ်။ ကုမ္ပဏီဘက်ကတော့ အခုလက်တော့ပ်ဟာ ဗီဒီယိုဂိမ်း ကစားတာတွေပါ အကောင်းဆုံး လုပ်ဆောင်နိုင်မယ့်အနေအထားမှာ ရှိတယ်လို့ ကြောကြားထားပါတယ်။

“ပုံမှန် ရိုးရိုး လက်တော့ပ်တွေရဲ့ Screen ကို အဆုံးသတ်စေမလား” ဆိုပြီး အားလုံးရဲ့စိတ်ဝင်တစားနဲ့ အာရုံစိုက်ခံရတဲ့ ဒီလက်တော့ မျက်နှာပြင်ဟာ ၂၁ လက်မ (၅၃ ဒသမ ၃ စင်တီမီတာ) ရှိတယ်လို့ သိရပါတယ်။ လက်တော့ပ် မျက်နှာပြင်အကွေးနဲ့ လူ့မျက်လုံး အခုံးတို့ဟာ Match ဖြစ်သွားစေပြီး မြင်ကွင်းကျယ် ပေးစွမ်းနိုင်မယ်လို့ Acer Europe ရဲ့ John Miedema က ဘီဘီစီ ကို ပြောပါတယ်။

 

Credit – Digital Time

 


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment