Monday, 5 September 2016

Samsungရဲ့Galaxy S8မှာကင်မရာနှစ်လုံးထည့်သွင်းလာဖို့ရှိနေ


Apple ရဲ့ မကြာခင်ထွက်တော့မယ့် စမတ်ဖုန်း iPhone 7 ဟာ ကင်မရာနှစ်လုံးတွဲပုံစံနဲ့ ထွက်လာမှာဖြစ်တယ်ဆိုပြီး သတင်းကြီးနေတာ အားလုံးလဲ သိကြမှာပါ။ Apple သာမက မဟာပြိုင်ဘက်ဖြစ်တဲ့ Samsung ဟာလည်း သူတို့ရဲ့ အဓိကစမတ်ဖုန်း Galaxy S8 မှာ ကျောဘက်ကင်မရာ နှစ်လုံးတွဲ ပုံစံနဲ့ ထွက်ပေါ်လာနိုင်ခြေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီအပြင် ရှေ့မျက်နှာ ကင်မရာ (Selfie Camera) ကိုလည်း 8-megapixel အထိ အဆင့်မြှင့်တင်လာမှာ ဖြစ်တယ်လို့ဆိုခဲ့ကြပါတယ်။

 

“အဓိကကင်မရာကို လက်ရှိ Galaxy ဖုန်းတွေလိုပဲ 12-mp ဆင်ဆာ နဲ့ပဲလာဖို့ ရှိပေမယ့် 13MP ရှိတဲ့ Secondary ဆင်ဆာကို ထည့်သွင်းလာမှာ ဖြစ်ပါတယ်” လို့ SamMobile ရဲ့ သတင်းအရ သိရပါတယ်။ အရင်တုန်းက ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေကလည်း Galaxy S8 ဟာ 4K အရည်အသွေးရှိမျက်နှာပြင်ကို ထည့်သွင်းလာမှာ ဖြစ်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

 

Secondary ဆင်ဆာစနစ်ဟာ Galaxy S8 ကိုပိုမိုကောင်းမွန် သပ်ရပ်တဲ့ ဓာတ်ပုံတွေ ရယူနိုင်ဖို့အတွက် ကူညီပေးနိုင်ဖို့ ထည့်သွင်းလာမှာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ အဲ့ဒီအပြင် Samsung အနေနဲ့ အဓိကစမတ်ဖုန်းတွေမှာ ရှေ့ကင်မရာကို 5MP ထားရှိတဲ့ ပုံစံနဲ့ လာခဲ့တာနှစ်အတော်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ အရည်အသွေးကို ရရှိနိုင်ဖို့အတွက် Galaxy S8 မှာ ရှေ့မျက်နှာကင်မရာကို 8MP ထိ အဆင့်မြှင့်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

Galaxy Note 7 မှာလိုမျိုးကြည့်လိုက်ရုံနဲ့ Unlock လုပ်ပေးတဲ့ Iris Scanner ကိုလည်း Galaxy S8 မှာ ပါဝင်လာဖို့ ရှိနေခဲ့ပါတယ်။

 

Credit – Digital Time

 


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment